Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်း ၁ ပိဿာလျှင် ငွေကျပ် ၄၃၈၀ ဖြစ်ကြောင်းထုတ်ပြန်ကြေညာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ

အနေဖြင့် စားအုန်းဆီ ကမ္ဘာ့စျေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB စျေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ဘဏ်စရိတ်များ

အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းစျေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းကို ထုတ်ပြတ်ပေးလျက်ရှိသည်။

 

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စျေးကွက်နှင့် စျေးနှုန်း ဖြစ်ပေါ်မှုများအရ နိုဝင်ဘာ ၂၁ ရက်မှ နိုဝင်ဘာ ၂၇ ရက်ထိ ရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၄၃၈၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

 

ထို့ပြင် ပြည်တွင်းစျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 

အဆိုပါ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းများကို စားသုံးသူရေးရာ ဦးစီးဌာန၏ Website. www.doca.gov.mm Facebook Page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိသည်။

 

Source: YDNP

Myanmar Food Industry Guide

Read times Last modified on Monday, 21 November 2022 13:53
Rate this item
(0 votes)