Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေတဲ့ ကြက်ဥ ငံပြာရည်ကြော်ချက်နည်း

ကြက်ဥကို ဒီအတိုင်းချည်း ချက်စား ကြော်စားရတာ ရိုးအီသွားသူများအတွက် ထမင်းမြိန်စေမည့် ကြက်ဥငံပြာရည်ကြော်ချက်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကြက်ဥ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါးငံပြာရည်၊ ငရုတ်သီးလေးစိတ်ခွဲ၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်၊ ပုစွန်ခြောက်၊ ဟင်းခတ်မှုန့်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အခွံခွှာပြီး ထောင်းထားပါ။ ပုစွန်ခြောက်ကိုလည်း မညက်တညက်ထောင်းထားပါ။

 

ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်၍ အပူပေးပါ။ ဆီပူလာလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ထည့်၊ နနွင်းမှုန့် အနည်းထည့်၍ ဆီသတ်ပေးပါ။ ကြက်သွန်ဖြူများ လိပ်လာရင်တော့ အရောင်တင်မှုန့် အနည်းငယ်ထည့်လိုက်ပါ။

 

ပြီးရင်တော့ မညက်တညက်ထောင်းထားတဲ့ ပုစွန်ခြောက်ကို ထည့်ကြော်လိုက်ပါ။ ငါးငံပြာရည်လေးထည့်ပြီး မွှေပေးထားပါ။ ငံပြာရည်ခမ်းပြီဆိုရင်တော့ ငရုတ်သီးလေးစိတ်ကွဲကိုထည့်လိုက်ပါ။

 

ပြီးနောက် အပေါ့ အငန်ထည့်ပြီး မြည်းကြည့်ပါ။ ငရုတ်သီးလေစိတ်ကွဲကျက်ရင်တော့ ဒယ်အိုးတစ်ဖက်ကို ကပ်ပေးထားပါ။ ပြီးရင်တော့ ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးထားပါ။

 

ကြက်ဥ အနည်းငယ် လိပ်လာပြီဆိုရင်တော့ တစ်ဖက်ကပ်ထားတဲ့ ငရုတ်သီးကြော်နဲ့ရောမွှေ၍ ကြော်ပေးပါ။ ဆီပြန်တဲံအထိ ကြော်ပေးပါ။

 

ပြီးရင် ငံပြာရည်လက်ကျန်ကို ထည့်ပြီး ကြော်ပေးပါ။ ဟင်းကျက်ပြီ ဆိုရင်တော့ ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

 

Read More >>>>> မြန်မာ့ရိုးရာအစားအစာ ပုစွန်ခွက်ကြော် ပြုလုပ်နည်း

Read times Last modified on Wednesday, 03 October 2018 15:29
Rate this item
(1 Vote)