Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် ချဉ်စပ်ငါးကျည်းကြပ်တိုက်ကြော်

ချဉ်စပ်ကြိုက်နှစ်သက်သူများအတွက် အိမ်တွင် မိသားစုဆုံတုန်းလေး ထမင်းမြိန်စေမည့် ချဉ်စပ် ငါးကျည်းကြပ်တိုက်ကြော်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ငါးကျည်းကြပ်တိုက်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငါးငံပြာရည်၊ နနွင်းမှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ဆီတို့ လိုအပ်ပါမယ်။

 

ပထမဆုံး ငါးကျည်းကြပ်တိုက်ခြောက်ကို ရေဖြင့် နာရီဝက်ခန့်စိမ်ထားပြီး နူးလာပါက အရိုးထွင်ပြီး အသားကို မွှထားပါ။

 

Read More >>>>>  အဆာပြေစားဖို့အတွက် ရွှေတောင်ခေါက်ဆွဲ

 

ပြီးလျှင် ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။ ကြက်သွန်နီကို အခွံခွှာပြီး အလုံးလိုက်ရေဆေးကာ ခပ်ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကိုလည်း အခွံနွှာ ခပ်ပါးပါးလှီးထားပါ။

 

အားလုံး အဆင်သင့်ဖြစ်ပါက ဒယ်အိုးဇောက်နက်နက်ထဲ ဆီထည့်ကာ ဆီကိုအပူပေးပြီး နနွင်းမှုန့် ထည့်ပါ။

 

ပြီးတာနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို အရင်ဆုံး ကြော်ကာ ငရုတ်သီးမှုန့်ကို နောက်မှထည့်ကြော်ပေးပါ။

 

ပြီးရင်တော့ ခရမ်းချဉ်သီးကို ကျေသွားအောင် ထည့်မွှေပေးပါ။ ခရမ်းချဉ်သီး ကျေတာနဲ့ ထွင်ထားသော ငါးအသားများထည့်မွှေပြီး ငါးငံပြာရည်နှင့် ဟင်းခတ်မှုန့်တို့ ထည့်မွှေပါ။

 

ပြီးနောက် အိုးမကပ်အောင် မကြာမကြာမွှေပေးကာ ဆီပြန်ပြီး ကြွပ်လာတဲ့အထိ တည်ပေးပါ။ ခရမ်းချဉ်သီး အရည်ခမ်းပြီး ငါးကျည်းကြပ်တိုက် ကြွပ်မွလာပါက ချဉ်စပ်ငါးကျည်းကြပ်တိုက်ခြောက် ကြော်ဟင်းကို ထမင်းပူပူလေးနဲ့ အရသာရှိစွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Thursday, 07 March 2019 10:50
Rate this item
(1 Vote)