Myanmar
အရည်သောက်ကြိုက်နှစ်သက်သူများအတွက် ၁၂မျိုးဟင်းချို
ဆိုင်တွင် သွားရောက်သုံးဆောင်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ၁၂မျိုးဟင်းချို ဟင်းချို ချက်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများကတော့ ဝက်နံရိုး၊ ကြက်အသဲအမြစ်၊ ငုံးဥ၊ ငါးဖယ်လုံး၊ ပဲပြား၊ ဘိုစားပဲပြား၊ ပြောင်းဖူးအသေး၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီ၊ မုန်ညင်းဖြူ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ဆား၊ ကြက်သားမှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ပဲငံပြာရည်၊ ချင်း တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ဝက်နံရိုးနဲ့ ကြက်အသဲအမြစ်ကို ရေဆေးသန့်စင်ထားပါ။
ပြီးလျှင် ဝက်နံရိုးကို အိုးထဲထည့် ချင်းထည့်ပြီး ပြုတ်ပေးထားပါ၊
Read More >>>>> လေးဘက်နာသမားများအတွက် သပြုသီး၏ အသုံးဝင်ပုံ
ပြီးနောက် ဝက်နံရိုးနူးပြီဆိုရင် ကြက်အသဲအမြစ် ထည့်လိုက်ပါ။ ပြီးလျှင် ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ပဲငံပြာရည်ထည့်လိုက်ပါ။ ရေပြန်ဆူလာရင် ငုံးဥပြုတ်၊ ငါးဖယ်တို့ထည့်လိုက်ပါ။ ပြီးတော့မှ ပဲပြား၊ အသီးအရွက်များထည့်လိုက်ပါ။ ပြီးနောက် ကြက်ဥထည့်ချင်ရတော့ ခလောက်ပြီး ဖြေးဖြေးချင်း လောင်းထည့်ပါ။
ရေဆူပွက်လာရင်တော့ အရသာမြည်းကြည့်လိုက်ပါ။ အနေတော်ဆိုရင်တော့ မီးဖိုပေါ်မှ ချနိုင်ပါပြီ။
ပြီးရင်တော့ ထမင်းပူပူလေးနဲ့ သောက်လို့အရမ်းကောင်းတဲ့ ၁၂ မျိုးဟင်းချိုလေးကို မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။



