Myanmar
ချဉ်ငံစပ်ကြိုက်နှစ်သက်သူတွေအတွက် ကင်းမွန်နှင့် ပြောင်းဖူးသုပ်
Unicode
ချဉ်ငံစပ်ကြိုက်နှစ်သက်သူတွေအတွက် ကင်းမွန်နှင့် ပြောင်းဖူးသုပ်
ပင်လယ်စာကြိုက်နှစ်သက်သူများ၊ အသုပ်ကလေးမပါရင်မဖြစ်သူများအတွက် ကင်းမွန်နှင့် ပြောင်းဖူးသုပ် နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့ ပြောင်းဖူး၊ ကင်းမွန်၊ ဆီချက်၊ နှမ်း၊ ဆား၊ မြေပဲထောင်း၊ ကြက်သွန်ဖြူကြော်၊ ငရုတ်ကောင်းမှုန့်၊ ခရမ်းချဉ်သီး၊ သံပရာသီး၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ဆီချက်၊ ငံပြာရည် တို့ လိုအပ်ပါမယ်။
ပထမဦးဆုံး ပြောင်းဖူးကို ပြုတ်ထားပါ။ ပြုတ်ပြီးရင်တော့ ပြောင်းဖူးကို အအေးခံထားပါ။
Read More >>>>> ထမင္းၿမိန္ေစမယ့္ ပုစြန္အေသးေလွာ္ေထာင္း
ပြီးနောက် အေးပြီဆိုရင် ပြောင်းဖူးကို ဓားဖြင့် လှီးထားပါ။
ပြီးလျှင် ကြက်သွန်နီကို အခွံခွာပြီး ခပ်ပါးပါးလှီးထားပါ။ ခရမ်းချဉ်သီးကိုလည်း ရေဆေးပြီး ပါးပါးလှီးထားပါ။
ပြီးနောက် ကြက်သွန်မြိတ်ကို ရေဆေးပြီး လှီးထားပါ။ နံနံပင်ကိုလည်း ရေဆေးပြီး လှီးထားပါ။ သံပရာသီးကိုလည်း လှီးထားပါ။
ပြီးလျှင် ကင်းမွန်ကို ရေဆေးသန့်စင်ပြီး အကွင်းလိုက်လှီးထားပါ။
ပြီးးနောက် ရေနွေးပူထဲသို့ ဆား၊ သံပရာရည်ထည့်၊ ကင်းမွန်ထည့်ပြီး ရေနွေးဖြောပေးထားပါ။
ပြီးရင်တော့ လှီးထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ကင်းမွန်၊ ပြောင်းဖူး၊ နှမ်း ကြက်သွန်ဖြူကြော်၊ မြေပဲ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ငံပြာရည်၊ ဆီချက်တို့ထည့်ပြီး သုပ်ပေးပါ။
ပြီးနောက် အရသာကို မြည်းကြည့်ပါ။ အရသာအဆင်ပြေပြီဆိုရင်တော့ ချဉ်ငံစပ် ကင်းမွန်နှင့် ပြောင်းဖူးသုပ်လေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။
#Myanmar Food Industry Directory
ခ်ဥ္ငံစပ္ႀကိဳက္ႏွစ္သက္သူေတြအတြက္ ကင္းမြန္ႏွင့္ ေျပာင္းဖူးသုပ္
ပင္လယ္စာႀကိဳက္ႏွစ္သက္သူမ်ား၊ အသုပ္ကေလးမပါရင္မျဖစ္သူမ်ားအတြက္ ကင္းမြႏ္ႏွင့္ ေျပာင္းဖူးသုပ္ နည္းေလးကို ေအာက္တြင္ ေဖာ္ျပေပးလိုက္ပါတယ္။
ပါဝင္ပစၥည္းေတြကေတာ့ ေျပာင္းဖူး၊ ကင္းမြန္၊ ဆီခ်က္၊ ႏွမ္း၊ ဆား၊ ေျမပဲေထာင္း၊ ၾကက္သြန္ျဖဴေၾကာ္၊ င႐ုတ္ေကာင္းမႈန္႕၊ ခရမ္းခ်ဥ္သီး၊ သံပရာသီး၊ ၾကက္သြန္နီ၊ ၾကက္သြန္ၿမိတ္၊ နံနံပင္၊ ဆီခ်က္၊ ငံျပာရည္ တို႕ လိုအပ္ပါမယ္။
ပထမဦးဆံုး ေျပာင္းဖူးကို ျပဳတ္ထားပါ။ ျပဳတ္ၿပီးရင္ေတာ့ ေျပာင္းဖူးကို အေအးခံထားပါ။
ၿပီးေနာက္ ေအးၿပီဆုိရင္ ေျပာင္းဖူးကို ဓားျဖင့္ လွီးထားပါ။
Read More >>>>> ထမင္းၿမိန္ေစမယ့္ ပုစြန္အေသးေလွာ္ေထာင္း
ၿပီးလွ်င္ ၾကက္သြန္နီကို အခြံခြာၿပီး ခပ္ပါးပါးလွီးထားပါ။ ခရမ္းခ်ဥ္သီးကိုလည္း ေရေဆးၿပီး ပါးပါးလွီးထားပါ။
ၿပီးေနာက္ ၾကက္သြန္ၿမိတ္ကို ေရေဆးၿပီး လွီးထားပါ။ နံနံပင္ကိုလည္း ေရေဆးၿပီး လွီးထားပါ။ သံပရာသီးကိုလည္း လွီးထားပါ။
ၿပီးလွ်င္ ကင္းမြန္ကို ေရေဆးသန္႕စင္ၿပီး အကြင္းလိုက္လွီးထားပါ။
ၿပီးးေနာက္ ေရေႏြးပူထဲသို႕ ဆား၊ သံပရာရည္ထည့္၊ ကင္းမြန္ထည့္ၿပီး ေရေႏြးေျဖာေပးထားပါ။
ၿပီးရင္ေတာ့ လွီးထားတဲ့ ၾကက္သြန္နီ၊ ခရမ္းခ်ဥ္သီး၊ ၾကက္သြန္ၿမိတ္၊ နံနံပင္၊ ကင္းမြန္၊ ေျပာင္းဖူး၊ ႏွမ္း ၾကက္သြန္ျဖဴေၾကာ္၊ ေျမပဲ၊ ဆား၊ င႐ုတ္ေကာင္းမႈန္႕၊ ငံျပာရည္၊ ဆီခ်က္တို႕ထည့္ၿပီး သုပ္ေပးပါ။
ၿပီးေနာက္ အရသာကို ျမည္းၾကည့္ပါ။ အရသာအဆင္ေျပၿပီဆုိရင္ေတာ့ ခ်ဥ္ငံစပ္ ကင္းမြန္ႏွင့္ ေျပာင္းဖူးသုပ္ေလးကို ၿမိန္ယွက္စြာ သံုးေဆာင္ႏိုင္ပါတယ္။
#Myanmar Food Industry Directory