Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ထမင်းမြိန်စေမယ့် မရမ်းသီးကြော်ချက်

Unicode


ထမင်းမြိန်စေမယ့် မရမ်းသီးကြော်ချက်


မရမ်းသီးပေါ်ချိန်လေး အိမ်မှာ လွယ်လင့်တကူလုပ်စားလို့ရတဲ့ ထမင်းမြိန်စေမယ့် မရမ်းသီးကြော်ချက် နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ မရမ်းသီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးအပုတောင့်၊ ငရုတ်သီးစိမ်း၊ ပင်စိမ်းရွက်၊ စိမ်းစားငါးပိ၊ ငံပြာရည်၊ သကြား၊  ပုစွန်ခြောက်မှုန့်တို့လိုအပ်ပါမယ်။


ပထမဦးဆုံး မရမ်းသီးများကို ထက်ခြမ်းခြမ်းပြီး အစေ့ထုတ် ရေးဆေး၍ ပါးပါးလှီးထားပါ။


Sugar / Sugar Cane / Slab Sugar, Jagger Warehouse (191) သကြား၊ ကြံသကာ၊ ထန်းလျက်ပွဲရုံ (၁၉၁) ခုကိုရှာရန်နှိပ်ပါ။


ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်အပုတောင့်ကို ရောထောင်းထားပါ။


ပြီးနောက် ဒယ်အိုးကို မီးဖိုပေါ်တင် ဆီထည့်ပြီး ဆူပူလာလျှင်တော့ ရောထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်အပုတောင့်  တို့ကို ဆီသတ်ပါ။


ပြီးလျှင် ကြက်သွန်များ အနည်းငယ်ခြောက်ပြီး မွှေးပျံ့လာလျှင် ငါးပိကို အရည်ဖျော်ပြီးထည့်၍ မွှေပေးပါ။


ပြီးနောက် ငါးပိနံပျောက်လျှင် ပုစွန်ခြောက်မှုန့်ထည့်လိုက်ပါ။

 

Read More >>>>>>    သက်သတ်လွတ် တုန်ယမ်းဟင်းချို


ပြီးရင်တော့ ပါးပါးလှီးထားတဲ့ မရမ်းသီးများကို ထည့်ပါ။


ပြီးလျှင် ငံပြာရည်၊ သကြားထည့်ပြီး နှံ့အောင်မွှေပေးပါ။


ပြီးနောက် ရေနွေးအနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။ မီးအေးအေးနဲ့ပဲ ကြော်ပါ။


ဆီအနည်းငယ်ပြန်လာလျှင် ငရုတ်သီးစိမ်း၊ ပင်စိမ်းရွက်များ အုပ်ပြီးရင် မီးဖိုပေါ်မှချလိုက်ပါ။


ပြီးရင်တော့ ထမင်းပူပူလေးနဲ့ မရမ်းသီးကြော်ကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါပြီ။


Myanmar Food Industry Directory

 

 

 

 

 


 




 


 

Sugar / Sugar Cane / Slab Sugar, Jagger Warehouse (191) သကြား၊ ကြံသကာ၊ ထန်းလျက်ပွဲရုံ (၁၉၁) ခုကိုရှာရန်နှိပ်ပါ။

 


 


 


 


 

Read More >>>>>>    သက်သတ်လွတ် တုန်ယမ်းဟင်းချို

 


 


 


 


 




Read times Last modified on Saturday, 22 February 2020 10:50
Rate this item
(0 votes)