Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဥနဲ့ဆူးပုတ်ရွက်ကြော်

ကြက်ဥကြော်ချည်းပဲစားရတာ ရိုးအီသွားသူများအတွက် လွယ်ကူရိုးရှင်းပြီး

ထမင်းလည်း စားမြိန်စေမယ့် ကြက်ဥဆူးပုတ်ကြော်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်တဲ့အမယ်များကတော့ ကြက်ဥ၊ ဆူးပုတ်ရွက်၊ ကြက်သွန်ဖြူ၊ ပဲမှုန့်၊ ကြက်သားမှုန့်၊ ဆား၊ ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်ဥကို ဖောက်လိုက်ပါ။ ပြီးလျှင် ဆူးပုတ်ရွက်များကို ထွင်ပြီး ရေဆေး၍ လှီးဖြတ်ထားပါ။

 

ပြီးလျှင် ဒယ်အိုးကို မီးဖိုပေါ်တင်လိုက်ပါ။ ပြီးနောက် ဒယ်အိုးထဲဆီထည့် ဆီပူလာလျှင် ကြက်ဥကို လောင်းထည့်လိုက်ပါ။ ပြီးလျှင် ဒယ်အိုးထဲမှာ ညီနေအောင် ဖြန့်ထားပါ။

 

ပြီးနောက် ဆူးပုတ်ရွက်လှီးထားတာကို ထည့်လိုက်ပါ။ ပြီးလျှင် ကြက်ဥကို ဟိုဘက်ဒီဘက် လှန်ပေးပါ။

 

ကျက်ပြီဆိုရင်တော့ အနံ့အရသာနှင့်ပြည့်စုံတဲ့ ကြက်ဥနဲ့ဆူးပုတ်ရွက်ကြော်လေးကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 11:46
Rate this item
(1 Vote)