Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


စားလို့အရမ်းကောင်းတဲ့ နို့ခဲ ငရုတ်ပွကြော်

Unicode >>>>>

စားလို့အရမ်းကောင်းတဲ့ နို့ခဲ ငရုတ်ပွကြော်


အိမ်မှာ လွယ်လင့်တကူ ချက်ပြုတ်စားသောက်နိုင်တဲ့ နို့ခဲ ငရုတ်ပွကြော်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။


Birani ဒံပေါက်ဆိုင်များ ၁၉၄ ခုကိုရှာရန်နှိပ်ပါ။


လိုအပ်သည့်အမယ်များကတော့ နို့ခဲ၊ ငရုတ်ပွ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ တို့လိုအပ်ပါမယ်။


ပထမဆုံး နို့ခဲကို အတုံးကလေးများဖြစ်အောင်တုံးထားပါ။ ပြီးလျှင် ဒယ်အိုးထဲဆီထည့်ပြီး ကြက်သွန်ဖြူကို ဆီသတ်ပေးပါ။


ပြီးနောက် ကြက်သွန်နီထည့်မွှေပေးပြီး တုံးထားသော နို့ခဲများကို ထည့်လိုက်ပါ။


Read More >>>>>>  ပြည်ပမှ မှာယူထားသည့် စားအုန်းဆီများ မကြာမီရက်ပိုင်းအတွင်း အဆက်မပြတ် ဝင်ရောက်လာမည်


မီးကို အနည်းငယ်မြှင့်ပြီး ခရမ်းချဉ်သီးနှင့် ငရုတ်ပွကို ထည့်ပြီးမွှေပေးပါ။


ခရမ်းချဉ်သီးအရည်ထွက်လာလျှင် ရေအနည်းငယ်ထည့်၊ ဟင်းခတ်မှုန့်နှင့် ဆားကို ထည့်လိုက်ပါ။


ရေမခမ်းခင်အချိန်တွင် ငရုတ်ကောင်းထည့်မွှေပေးပြီးလျှင်တော့ အရသာရှိတဲ့ နို့ခဲ ငရုတ်ပွကြော်ကို အသင့်သုံးဆောင်နိုင်ပါတယ်။


Myanmar Food Industry Directory

 

Home Page Food

 

 

 

Screenshot from 2020 03 26 08 49 32

 

Zawgyi >>>>>

 




 


 


 


 


 


 


 


 


 


 

Read times Last modified on Thursday, 26 March 2020 10:48
Rate this item
(0 votes)