Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


မှိုချဉ်‌စပ်‌ချက်‌နည်း‌

ပူပြင်းတဲ့ ရာသီဥတုမှာ ထမင်းစားရတာ ခံတွင်းမမြိန်သူများနှင့် မှိုနဲ့ကန်စွန်းရွက်ချက်စားရတာ

ရိုးအီသွားသူများအတွက် ခံတွင်းမြိန်စေမည့် မှိုချဉ်စပ်ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်တဲ့ အမယ်များကတော့ မှို၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ တုန့်ယမ်းခဲ၊ နံနံပင်၊ ရှမ်းနံနံ၊ ဟင်းခတ်မှုန့်၊ ငံပြာရည်၊ သံပရာသီး တို့ လိုအပ်ပါမယ်။

 

ပထမဆုံး အိုးထဲကို ရေထည့် မီးဖိုပေါ်တင်ပြီး ဆူပွက်အောင်တည်ထားပေးပါ။ ရေဆူလာလျှင် တုန့်ယမ်းခဲနှင့် ကြက်သွန်နီ လေးစိတ်စိတ်ထားတာကို ထည့်လိုက်ပါ။

 

ပြီးလျှင် ငရုတ်သီးစိမ်းကို ထက်ခြမ်းခြမ်းပြီး ထည့်လိုက်ပါ။ မှိုကိုလည်း ရေဆေးသန့်စင်ပြီးလျှင် ထည့်လိုက်ပါ။

 

ပြီးနောက် ခရမ်းချဉ်သီးကို လှီးဖြတ်ပြီး ထည့်လိုက်ပါ။

 

အရသာအနေနဲ့ကတော့ ဟင်းခတ်မှုန့်၊ ငံပြာရည် တို့ကို ထည့်လိုက်ပါ။

 

မိနစ်အနည်းငယ်ကြာလျှင်တော့ ရှမ်းနံနံနှင့် နံနံပင်ကို ရေဆေးပြီးလျှင် ထက်ပိုင်းချိုးပိုင်းဖြတ်ပြီး ထည့်လိုက်ပါ။

 

ပြီးလျှင် မီးဖိုပေါ်မှ ချလိုက်ပါ။ နောက်ဆုံးတွင် သံပရာသီးညှစ်ထည့်ပြီးရင်တော့ ထမင်းပူပူလေးနှင့် ခံတွင်းမြိန်စေမည့် မှိုချဉ်စပ်ချက်ဟင်းလေးကို အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Friday, 09 August 2019 09:59
Rate this item
(5 votes)