Myanmar

×

Warning

JUser: :_load: Unable to load user with ID: 540


ကလေးများအတွက် ကော်ဖီပူတင်းပြုလုပ်နည်း


ကလေးများ၊ လူကြီးများနှင့် ကော်ဖီကြိုက်သူများအတွက် အလွန်စားကောင်းတဲ့ ကော်ဖီပူတင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

နွားနို့ထည့်စရာမလိုပဲ 3 in 1 ကော်ဖီအထုပ်ကိုအသုံးပြုထားလို့ နွားနို့အဆင်သင့်မရှိလဲ ကော်ဖီပူတင်းကို အလွယ်တကူလုပ်စားလို့ရပါတယ်။

 

ပါဝင်သောပစ္စည်းများမှာ ကြက်ဥ၊ သကြား၊ 3 in 1 ကော်ဖီမစ်အထုပ်၊ ထောပတ်တို့ လိုအပ်ပါမယ်။



ပြုလုပ်နည်းလေးကတော့ ကြက်ဥကို ခွဲပြီး မွှေထားပါ။ ပြီးလျှင် ပူတင်းပြုလုပ်မည့် ခွက်ကို ထောပတ်သုပ်ထားပါ။

 

ပြီးနောက် ရေနွေးပူထဲကို သကြားထည့် 3 in 1 ကော်ဖီမစ်အထုပ်ပြီး ပျော်အောင် မွှေပေးပါ။ ပြီးနောက် အအေးခံပေးထားပါ။

 

ပြီးရင်တော့ မွှေထားသော ကြက်ဥကို ရောပြီး သမအောင် မွှေလိုက်ပါ။ ပြီးလျှင် အခြားပန်းကန်ပြားကြီးထဲသို့ ပူတင်းအရည်များကို ဇကာအစိပ်ခံ၍ ပြုလုပ်မည့် ခွက်ထဲကို လောင်းထည့်လိုက်ပါ။ ပြီးနောက် ခွက်အပေါ်ကို ငွေစက္ကူဖြင့် လုံအောင် အုပ်ထားပါ။

 

ပြီးလျင် ဗန်းတစ်ခုထဲကို ဗန်းရဲ့ တစ်ဝက်ခန့် ရေထည့်ပြီး ထိုဗန်းထဲသို့ ပူတင်းပေါင်းမည့် ခွက်များထည့်လိုက်ပါ။


ပြီးနောက် ပေါင်းအိုးထဲတွင် ၁၅ မိနစ်ခန့် ထည့်ပေါင်းပါ။ နောက်ဆုံးမှ အအေးခံ၊ အေးသွားလျှင် ပန်းကန်ပြားတစ်ခုကိုခံပြီး ကော်ဖီ ပူတင်းပန်းကန်ကို မှောက်ချ၍ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

 

 

 

Read times Last modified on Tuesday, 18 September 2018 13:16
Rate this item
(2 votes)