Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

Monday, 24 June 2019 11:13
ရန်ကုန်၏ ပထမဆုံး food box လည်းတန်း၊ တာမွေ၊ မြေနီကုန်းနေရာသုံးနေရာတွင် KMS Construction ကုမ္ပဏီက ယနေ့ ဇွန်လ ၂၃ ရက်တွင် စတင်ဖွင့်လှစ်ပေးလိုက်ပြီး မည်သူမဆို လာရောက်ယူဆောင်နိုင်ကာ လှူဒါန်းလိုသူများအနေဖြင့်လည်း လှူဒါန်းခဲ့နိုင်သည်ဟု သိရပါတယ်။

Friday, 21 June 2019 09:43
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့က မြန်မာနိုင်ငံထွက်သီးနှံများ ဝယ်ယူဖို့ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးမှတဆင့် ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။

Thursday, 20 June 2019 15:08
နှစ်နိုင်ငံ သစ်သီးကုန်သွယ်ရေးသဘောတူစာချုပ်တွင် နာနတ်သီးမပါဝင်ဟုဆိုကာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် နာနတ်သီးတင်ပို့နေမှုကို တရုတ်နိုင်ငံဘက်က ခွင့်မပြုတော့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ပြောပါတယ်။

Wednesday, 19 June 2019 17:26
မြန်မာနိုင်ငံက ပဲတင်သွင်းရန် အိန္ဒိယအစိုးရ အနေဖြင့် ပဲကုမ္ပဏီ ၁၁ဝဝ ကျော်အား တရားဝင် ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

Wednesday, 19 June 2019 09:49
မေလ ၁၇ ရက် ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးကြီးမှ ကောက်ယူထားသော လက်ကားဈေးနှုန်းများဖြစ်သည်။

Tuesday, 18 June 2019 08:55
ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ပထမဦးဆုံးအကြိမ် အစားအသောက်နည်းပညာဘွဲ့ B.E (Food Engineering) ဘွဲ့ သင်တန်းစတင်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်းသိရပါတယ်။

Tuesday, 18 June 2019 08:17
အိန္ဒိယနိုင်ငံကို ဇွန်လ (၁၂) ရက်နေ့ကစပြီး မတ်ပဲနဲ့ ပဲစင်းငုံတို့ကို စတင်တင်ပို့နေပြီး အရင်အပတ်က ကွန်တိန်နာ (၅) စီးခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ အခုရက်ပိုင်းအတွင်း ကွန်တိန်နာ (၃၅)လုံးအထိ အရောင်းအဝယ်ဖြစ်ကြောင်း ဘုရင့်နောင်ပဲဈေးကွက်အတွင်းမှ သိရပါတယ်။

Monday, 17 June 2019 10:11
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အဋ္ဌမတန်းအောင်မြင်ပြီးသူတွေအတွက် ဟိုတယ်ဝန်ဆောင်မှုနှင့် အချက်အပြုတ်ဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း အပတ်စဉ် ၂ အတွက် သင်တန်းသားခေါ်ယူနေပြီဖြစ်ပါတယ်။

Saturday, 15 June 2019 14:40
တရုတ်နိုင်ငံမှ ဝယ်လိုအားရှိသောကြောင့် ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ကြက်သွန်ဖြူ၊ ကြက်သွန်နီ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောဆိုချက်အရ သိရပါတယ်။