Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နယ်စပ် မူဆယ်ဈေးကွက်တွင် နာနတ်သီးဝယ်ယူမှု ရပ်ဆိုင်း

နှစ်နိုင်ငံ သစ်သီးကုန်သွယ်ရေးသဘောတူစာချုပ်တွင် နာနတ်သီးမပါဝင်ဟုဆိုကာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတဆင့် နာနတ်သီးတင်ပို့နေမှုကို တရုတ်နိုင်ငံဘက်က ခွင့်မပြုတော့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ပြောပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ သီပေါနဲ့ လားရှိုးဒေသထွက် နာနတ်သီးများကို တရုတ်နယ်စပ် မူဆယ်ဈေးကွက်ဆီ ဇွန်လ ( ၁၇ ) ရက်နေ့က တင်ပို့ရောင်းချခဲ့ပေမယ့် တရုတ်နိုင်ငံဘက်က တင်သွင်းခွင့်မပြုတာကြောင့် အရောင်းအဝယ်ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံမှ နာနတ်စိုက်တောင်သူများ သွားရောက်ရောင်းချနေတဲ့ ဝမ်တိန်ရှိ သစ်သီးကွင်းကို ရွှေလီဝန်ကြီးက ချင်းရွှေဟော်ဘက်ကို ရွှေ့ခိုင်းတာကြောင့် တင်ပို့ခွင့်မပြုခြင်းဖြစ်ပြီး နာနတ်စိုက်တောင်သူများ အခက်အခဲနဲ့ ရင်ဆိုင်နေရကာ သစ်သီးဝလံအသင်းထံ ကူညီဖြေရှင်းပေးဖို့ တောင်းဆိုထားကြောင်း သိရပါတယ်။

 

နာနတ်စိုက်တောင်သူများအနေနဲ့ တရုတ်နိုင်ငံကို သွားရောက်ရောင်းချတဲ့အခါ ဈေးပိုရရှိတဲ့အပြင် ငွေလက်ငင်းရရှိခြင်း၊ ဝယ်လိုအားများခြင်းတို့ကြောင့် တရုတ်နိုင်ငံဈေးကွက်တစ်ခုတည်းကိုသာ အားထားစိုက်ပျိုးနေကြခြင်းဖြစ်ပြီး အခုလို ရပ်ဆိုင်းလိုက်တဲ့အတွက် တောင်သူတွေ အခက်အခဲဖြစ်ပေါ်နေကြောင်း နာနတ်စိုက်တောင်သူများထံမှ သိရပါတယ်။


Read More >>>>>  မြန်မာနိုင်ငံက ပဲတင်သွင်းရန် အိန္ဒိယ အစိုးရအနေဖြင့် ပဲကုမ္ပဏီ ၁၁ဝဝ ကျော်အား တရားဝင် ခွင့်ပြု


နာနတ်သီးတင်ပို့မှုကို ရပ်ဆိုင်းလိုက်ခြင်းနဲ့ ပတ်သက်ပြီး သစ်သီးဝလံအသင်းအနေနဲ့ သက်ဆိုင်ရာ နာနတ်သီးစိုက်ပျိုးသူများ၊ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနဲ့ ဆက်သွယ်ပြီး စီစဉ်ဆောင်ရွက်နေတဲ့အပြင် ဇွန်လ ( ၁၉ ) ရက်နေ့က နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ၎င်းအသင်းထံမှ သိရပါတယ်။

 

ထို့အပြင် ပို့ကုန်အလားအလာရှိတဲ့ ထောပတ်သီး၊ နာနတ်သီး၊ ငှက်ပျောသီး၊ ကျွဲကောသီး၊ ရှောက်နွယ်သီးနှံ အပါအဝင် သီးနှံရှစ်မျိုးကို AQSIQ စာရင်းဝင်ပြီး တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် တရုတ်အစိုးရထံ တင်ပြထားကြောင်း သစ်သီးဝလံအသင်းမှ သိရပါတယ်။

 

Source: The Voice

Read times Last modified on Thursday, 20 June 2019 15:20
Rate this item
(0 votes)