Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့သီးနှံများကို တရုတ်နိုင်ငံတောင်ပိုင်းက ဝယ်ယူဖို့ ကမ်းလှမ်းထား

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့က မြန်မာနိုင်ငံထွက်သီးနှံများ ဝယ်ယူဖို့ နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးမှတဆင့် ကမ်းလှမ်းလာကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။

 

လက်ရှိ မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံက ဖရဲသီး၊ သခွားမွှေးနဲ့ သရက်သီးများကို ဝယ်ယူဖို့ တရုတ်နိုင်ငံက စိတ်ဝင်စားနေပြီး မြန်မာနိုင်ငံက သီးနှံအရသာ၊ အရွယ်အစားနဲ့ နှစ်စဉ်ပို့ပေးနိုင်တဲ့ ပမာဏအရေအတွက်ကို ပြန်လည်အကြောင်းပြန်ထားတယ်လို့ ဆိုပါတယ်။

 

"ပုံမှန်က နယ်စပ်ကနေတဆင့် ရောင်းနေတာ။ အခု တရုတ်ပြည်အတွင်းပိုင်းက မြန်မာ့သီးနှံတွေကို ဝယ်ချင်နေကြတာပါ။ သူတို့က လိုချင်လို့ အဲဒီမှာရှိတဲ့ စီးပွားရေးသံမှူးကနေတဆင့် လွန်ခဲ့တဲ့နှစ်ပတ်လောက်က အကြောင်းကြားလာတာပါ။ ကျွန်တော်တို့ဘက်ကလည်း အကြောင်းပြန်ထားပါတယ်" လို့  ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။

 

သရက်သီး၊ သခွားမွှေးသီးနဲ့ ဖရဲသီးတို့မှာ တရုတ်နိုင်ငံအစိုးရရဲ့ အကောက်ခွန်စာရင်းမှာ တရားဝင်ထည့်သွင်းပြီးဖြစ်တဲ့အတွက် လက်ရှိ မြန်မာနိုင်ငံက တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ကျော်လွန်ပြီး တရုတ်နိုင်ငံတောင်ပိုင်း ဈေးကွက်အတွင်းကို သီးနှံများ တင်ပို့ရောင်းချနိုင်တဲ့ အခွင့်အရေးရှိကြောင်း တရုတ်နိုင်ငံ နန်နင်းမြို့ မြန်မာစီးပွားရေးသံမှူးက ၎င်းရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

 

လက်ရှိ မြန်မာနိုင်ငံမှာ သရက်သီးထွက်ရှိပြီးဖြစ်တာကြောင့် သရက်သီးကို တင်ပို့ရောင်းချနိုင်တော့မှာ မဟုတ်ပေမယ့်လည်း ဖရဲသီးနဲ့ သခွားမွှေးကိုတော့ တင်ပို့ရောင်းချနိုင်မှာဖြစ်ကြောင်း ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။ လတ်တလောမှာတော့ သီးနှံတင်ပို့ရောင်းချဝယ်ယူနိုင်ဖို့ သတင်းမေးခြင်း၊ သတင်းအချက်အလက် ပြန်လည်ပေးပို့ခြင်း အနေအထားသာရှိသေးကြောင်း ၎င်းကဆိုပါတယ်။

 

 
Read More >>>>>    တုပ်ကွေးမဖြစ်အောင် များများစားပေးသင့်တဲ့ အစားအစာများ

 


တရုတ်နိုင်ငံ နန်နင်းမြို့မှ မြန်မာစီးပွားရေးသံမှူး ဒေါက်တာရွှေစင်ကိုက မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို သီးနှံတင်ပို့ရောင်းချလိုသူများအနေနဲ့ ဈေးကွက်အမှန်ပေါက်ဈေးဖြင့် အရောင်းအဝယ်လုပ်ရန်၊ စာချုပ်ပါ တင်ပို့မှုပမာဏအတိုင်း ပြည့်မီအောင် တင်ပို့ရန်၊ တင်ပို့တဲ့ သစ်သီးအရည်အသွေး ပြည့်မီမှုရှိရန် သတိပြုသင့်ကြောင်း အကြံပြုထားပါတယ်။

 


မြန်မာနိုင်ငံမှ တရုတ်နိုင်ငံတောင်ပိုင်း ဈေးကွက်ကို သရက်သီး၊ ဖရဲသီး၊ သခွားမွှေးသီး၊ ပဲအမျိုးမျိုးနဲ့ ပင်လယ်စာတင်ပို့ဖို့ စိတ်ဝင်စားသူများအနေနဲ့ မိမိအမှန်တကယ် တင်ပို့ရောင်းချနိုင်မယ့်ပမာဏနဲ့ အရည်အသွေး အာမခံချက်၊ ငွေပေးငွေယူစနစ်၊ ကုန်သယ်ယူပို့ဆောင်မယ့်စနစ်များကို နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူးထံ ဆက်သွယ်ကာ သတင်းအချက်အလက်များ ပေးပို့ထားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

 

Source: Myanmar Times

Read times Last modified on Friday, 21 June 2019 09:59
Rate this item
(1 Vote)