Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်ဈေးကွက်သို့ ကြက်သွန်နီအဝင်နည်းပြီး ဈေးနှုန်း မြင့်တက်လာ

ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံမှ ကြက်သွန်နီ အဝယ်လိုက်လာသောကြောင့်  ရန်ကုန်ဘုရင့်နောင် ဈေးကွက်သို့ ကြက်သွန်နီ ကားအစီးရေ အဝင်နည်းပြီး ဈေးနှုန်းအနည်း ငယ်မြင့်တက်လာကြောင်း    မြန်မာနိုင်ငံ  ကြက်သွန်ဖြူ၊   ကြက်သွန်နီ စားဖိုဆောင် သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောဆိုချက် အရ သိရသည်။

 

ယနေ့တွင်   ဘုရင့်နောင်ဈေးကွက်သို့ ကြက်သွန်နီကား အစီးရေ ၂ဝ ဝန်းကျင်သာ ဝင်ရောက်ခဲ့ပြီး  ကြက်သွန်နီကား အစီးရေ အဝင်နည်းသောကြောင့်  တစ်ပိဿာလျှင် ငွေကျပ် ၅၅ဝ မှ ၉ဝဝ ဝန်းကျင်အထိ ဈေးနှုန်းရှိနေသည်။ တရုတ်နိုင်ငံမှ ကြက်သွန်နီ အဝယ်လိုက်သည့် အတွက် ရန်ကုန်ဈေးကွက်သို့  ဝင်ရောက်မှုနည်းပါးကာ  နယ်မြို့များမှ တစ်ဆင့် မူဆယ်သို့ တိုက်ရိုက် တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

 

''ဒီမှာ လက်ရှိအရောင်းအဝယ်ကတော့ ခပ်အေးအေးပါ။ ဈေးနှုန်းက သိပ်အပြောင်း အလဲမဖြစ်ဘဲ ဒီတိုင်းပဲ သွားနေဦးမှာပါ'' ဟု ဦးခင်ဟန် ကပြောသည်။

 

Read More >>>>>   အဆီအမြန်ကျစေတဲ့ အစားအစာ (၁၀) မျိုး

 

ထို့ပြင်    နယ်စပ်ကုန်သွယ်ရေးများမှ အဝယ်လျော့နည်းပါက ဈေးနှုန်းများပြန် လည်ကျဆင်းနိုင်ကြောင်း သိရသည်။ နွေကြက်သွန်နီများသည် မတ်လမှ ဇွန်လအထိ ထွက်ရှိလေ့ရှိပြီး လှောင်ကြက်သွန်များ ဖြစ်ပါက  စက်တင်ဘာ လတွင်  ၂၅ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ လျော့ကျ လေ့ရှိရာ   ဈေးနှုန်းမြင့်တက်လေ့ ရှိကြောင်း သိရသည်။

 

ဘုရင့်နောင်ဈေးကွက်သို့   မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ ကြက်သွန်နီများ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရသည်။    

 

Source: Myawady

Read times Last modified on Wednesday, 07 August 2019 09:29
Rate this item
(1 Vote)