Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဈေးကွက်ဝင် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ကုန်ထုတ်လုပ်ငန်းများ နည်းပညာအကူအညီ ရယူနိုင်

ကုန်ထုတ်လုပ်ငန်းရှင်များအနေနဲ့ ဈေးကွက်ဝင် အရည်အသွေး ကောင်းမွန်တဲ့ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်တဲ့ နည်းပညာဆိုင်ရာအကူအညီများ လျှောက်ထားရယူနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ သိရပါတယ်။

 

နယ်သာလန်နိုင်ငံက PUM Netherlands Senior Experts အဖွဲ့အစည်းမှ သက်ဆိုင်ရာနယ်ပယ်တွင် နှစ် (၃၀) ကျော်ကြာ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ပညာရှင်များက နည်းပညာများကို ကူညီထောက်ပံ့ပေးမှာဖြစ်ပါတယ်။ နည်းပညာထောက်ပံ့ပေးမယ့် ကဏ္ဍတွေကတော့

 

- စားသောက်ကုန်ထုတ်လုပ်တဲ့လုပ်ငန်း၊


- မွေးမြူရေးလုပ်ငန်းများ၊


- Hotel နဲ့ Tourism ဝန်ဆောင်မှု လုပ်ငန်းများ၊


- စိုက်ပျိုးရေးအခြေခံ သစ်သီးဝလံပန်းမန် စိုက်ပျိုးမှုဆိုင်ရာ နည်းပညာများ၊


- ရာဘာအခြေခံ ထုတ်ကုန်များ၊


- လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းများနဲ့ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာများ၊


- ကုန်ထုတ်လုပ်မှု စီမံခန့်ခွဲမှုဆိုင်ရာများတို့ ဖြစ်ပါတယ်။

 

နည်းပညာအထောက်အပံ့ရယူလိုပါက လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်စိုး၊ ဖုန်း ၀၉-၄၄၈၀၁၆၇၀၂၊ အီးမေးလ် technmarket.sme@gmail.com ထံ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

 

နည်းပညာရယူလိုသူအနေနဲ့ ပညာရှင် မိမိဒေသသို့ရောက်ရှိနေစဉ်အတွင်း နေထိုင်စားသောက်မှုစရိတ်၊ စကားပြန်စရိတ်နဲ့ ဒေသတွင်း Transportation များကို လျှောက်ထားသူမှ ကျခံရမှာဖြစ်ပါတယ်။

 

ပညာရှင်မှ မြန်မာပြည်သို့ လာရောက်တဲ့ လေယာဉ်စရိတ်နဲ့ မြန်မာပြည်တွင်း Domestic Flight စရိတ် (သို့) မြို့တစ်မြို့မှ အခြားမြို့တစ်မြို့သို့ သွားလာတဲ့ ကုန်ကျစရိတ်များကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှ ကျခံပေးမှာဖြစ်ပါတယ်။

 
Read More >>>>>    ကြာစေ့စားရင်ရရှိမယ့် အကျိုးကျေးဇူးများ


စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက MSMEs လုပ်ငန်းရှင်များအတွက် ဈေးကွက်ဝင် အရည်အသွေး ကောင်းမွန်တဲ့ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်တဲ့ နည်းပညာဆိုင်ရာအကြံပေးမှုများ ဆောင်ရွက်ပေးရန်နဲ့ လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် PUM Netherlands Senior Experts အဖွဲ့နဲ့ ဆက်သွယ်ပြီး စာတွေ့/ လက်တွေ့ဆိုင်ရာ အကြံဉာဏ်ပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းဌာနမှ သိရပါတယ်။

Source: Ministry Of Industry

Read 1995 times Last modified on Friday, 23 August 2019 14:31
Rate this item
(0 votes)