Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


စိုက်ပျိုးရေးနှင့် စားသောက်ကုန် လုပ်ငန်းငါးခုကို ကနေဒါတွင် သင်တန်းပေးမည်

မြန်မာနိုင်ငံရှိ စိုက်ပျိုး ရေးနှင့်အစားအသောက်ထုတ် ကုန်များတင်ပို့နေသည့် လုပ်ငန်း ငါးခုကို ရွေးချယ်ကာ နည်းပညာ အကူအညီနှင့် ထုတ်ကုန်အရည် အသွေးများမြှင့်တင်ပေးရန်ကနေ ဒါနိုင်ငံတွင် လေ့ကျင့်ပေးမည်ဟု မန္တလေးတိုင်းကုန်သည်များနှင့်

စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌဦးကျော်မင်းက ပြောသည်။‘ကနေဒါနိုင်ငံအစိုးရအ ထောက်အပံ့နဲ့ ဆောင်ရွက်နေတဲ့ အင်န်ဂျီအိုအဖွဲ့အစည်းတစ်ခုက နေ တကယ်ပို့ကုန်လုပ်ငန်းတွေ လုပ်နေတဲ့လူတွေကိုပဲ ရွေးချယ် ပြီးတော့ လေ့ကျင့်ပေးမယ်။ လို အပ်တဲ့နည်းပညာတွေပေးပြီး တော့ ကူညီပေးသွားမှာဖြစ်ပါ တယ်’’ ဟု ဦးကျော်မင်းကပြော သည်။

 

ကနေဒါနိုင်ငံ ကုန်သွယ်မှု လျင်မြန် ချောမွေ့ရေးအဖွဲ့ (TFO)မှ မဲခေါင်အင်စတီကျုဒ် ပရောဂျက်အနေဖြင့် မြန်မာ၊ လာ အိုနှင့် ကမ္ဘောဒီးယား ဖွံ့ဖြိုးဆဲနိုင်ငံသုံးခုမှ စိုက်ပျိုးရေးနှင့်အစားအသောက်ဆိုင်ရာ ထုတ်ကုန်များ တင်ပို့ခြင်း ဆောင်ရွက်နေသည့် လုပ်ငန်းငါးခုစီကို ခေါ်ယူကာ ၎င်းတို့နိုင်ငံသို့ သတ်မှတ်ထားသည့်စံနှုန်းများအတိုင်း ထုတ်ကုန်များတင်ပို့နိုင်ရေး လေ့ကျင့်ပေးမည်ဖြစ်သည်။

 

‘‘သူတို့နိုင်ငံရဲ့ စံချိန်စံညွှန်း သတ်မှတ်ချက်တွေများတဲ့အ တွက် မဲခေါင်ဒေသတွင်းဖွံ့ဖြိုးဆဲ နိုင်ငံသုံးနိုင်ငံထဲက ငါးခုစီကိုရွေး ပြီးတော့မှ ကနေဒါကလုပ်ငန်း တွေနဲ့ချိတ်ဆက်ပေးမယ်။ ဈေး ကွက်နဲ့ကျွမ်းကျင်မှုရှိအောင် ဘာ တွေသုံးစွဲရမလဲဆိုတာကို ကျွမ်း ၀င်မှုရှိအောင် သင်ကြားပေးသွား မှာဖြစ်ပါတယ်’’ ဟု ဦးကျော်မင်း က ပြောသည်။

 

ကနေဒါနိုင်ငံကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးအဖွဲ့သည် စက်တင်ဘာ ၃ ရက်နှင့် ၄ ရက်က မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်း (MRCCI)နှင့် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းတို့၏ သတ်မှတ်ချက်နှင့်ကိုက်ညီသည့် ကုမ္ပဏီ ၄၀ ၏ စာရင်းရယူကာ ရွေးချယ်ခံရသည့် ကုမ္ပဏီများကို ပြန်လည်ကြေညာပေးမည် ဖြစ်သည်။

 

Source:  7 days new

Read times Last modified on Tuesday, 18 September 2018 10:07
Rate this item
(1 Vote)