Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်သို့ တစ်ရက်လျှင် ဖရဲသခွားမွှေး ကားအစီးရေ ၁ဝ စီးခန့် ဝင်ရောက်နေပြီး ယမန်နှစ်က ထက် ဈေးနှုန်း ရရှိမှု နည်းပါး

ပြည်တွင်း၌ ဖရဲ စတင် ထွက်ရှိချိန်ဖြစ်၍ မူဆယ် (၁ဝ၅) မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းသို့ တစ်ရက်လျှင် တန်ချိန် ၁၇ တန် ကားအစီးရေ ၁ဝ စီးခန့် ဝင်ရောက်နေပြီး

ယမန်နှစ်ကထက် ဈေးနှုန်းရရှိမှု နည်းပါးနေကြောင်း မြန်မာနိုင်ငံ ဖရဲနှင့် သခွားမွှေး စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးနိုင်ဝင်းထံမှ သိရပါတယ်။

 

 

မြန်မာနိုင်ငံမှ ဖရဲ၊ သခွားကို အဓိက အားဖြင့် မူဆယ် (၁ဝ၅) မိုင် နယ်စပ် ကုန်သွယ်ရေး စခန်းသို့ ယခုနှစ် အောက်တိုဘာလမှ နောက်တစ်နှစ် မေလထိ အများဆုံး တင်ပို့လေ့ရှိပြီး ယမန်နှစ်က တစ်တန်လျှင် ယွမ် ၂ဝဝဝ ခန့် ဈေးနှုန်း ရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်တန်လျှင် ယွမ် ၁၅ဝဝ သာ ရရှိပါတယ်။

 

 

''အခုက ရာသီအစ ဖြစ်တော့ သိပ်မပို့နိုင်သေးဘူး။ တစ်ရက်ကို ကားအစီးရေ ၁ဝ စီး လောက်ပဲပို့နိုင်တယ်။ အောက်တိုဘာလလောက်မှ ပို့ကုန်က များများလာတယ်'' ဟု ဦးနိုင်ဝင်းက ပြောကြားခဲ့ပါတယ်။

 

 

ဖရဲ၊ သခွားမွှေးသီးနှံသည် အရှုံးအမြတ် ကြမ်းသည့် သီးနှံဖြစ်ကာ အဓိကအားဖြင့် တရုတ် နိုင်ငံ၏ ဝယ်လိုအားပေါ် မူတည်နေသည်။ ထို့ပြင် ပြည်တွင်းမှ ထွက်ရှိသည့် ဖရဲများသည် ဈေးနှုန်းရရှိမှု နည်းပါးသဖြင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့မှု နည်းပါးကာ တရုတ် ဈေးကွက်သို့သာ အဓိကထား တင်ပို့လျက်ရှိပါတယ်။

 

 

'' ပြီးခဲ့တဲ့ နှစ်ကထက် အရည်အသွေးလည်း ကောင်းတယ်။ ငွေဈေးလည်း တက်နေပေမယ့် ဝယ်လိုအား နည်းတာကြောင့် ဈေးနှုန်းက ပြီးခဲ့တဲ့ နှစ်ကထက် နည်းနေတယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ဆင်ကျွန်းကျေးရွာမှ ဖရဲ၊ သခွား ၁၅ ဧက စိုက်ပျိုးသူ ဦးခင်မောင်တင့်က ပြောကြားခဲ့ပါတယ်။

 

 

ဖရဲသီး တစ်ဧကလျှင် သီးနှံမျိုးစေ့အလိုက် ငွေကျပ် ၁၅ သိန်းမှ ၂၅ သိန်းကြား ကုန်ကျပြီး သခွားမွှေး တစ်ဧကလျှင် ငွေကျပ် သိန်း ၅ဝ မှ သိန်း ၆ဝ ကြား ကုန်ကျကြောင်းနှင့် ပြီးခဲ့သည့် ကာလတူ ဖရဲ၊ သခွားမွှေးရာသီတွင် ဖရဲ မက်ထရစ်တန်ချိန် ၈ဝဝ၄၂၄ တန်နှင့် သခွားမွှေး တန်ချိန် ၁၂၄ဝဝဝ တင်ပို့ နိုင်ခဲ့ကြောင်း သိရပါတယ်။

 

Source: Myawady

 

                                                              

Read times Last modified on Tuesday, 18 September 2018 10:02
Rate this item
(0 votes)