Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ကော်ဖီစိုက် ဒေသများတွင် ကော်ဖီအထွက်နှုန်း တိုးနိုင်

နိုဝင်ဘာလ၌ ကော်ဖီစတင်ထွက်ရှိတော့မည်ဖြစ်ရာ  ယခုနှစ်   မိုးရာသီတွင် မိုးကောင်းစွာ ရရှိခဲ့သည့်အပြင် ရွာငံဒေသ၌  ကော်ဖီစိုက်ဧကများ  

တိုးမြှင့်စိုက်ပျိုးလာသည့် အတွက် ယမန်နှစ်ကထက် အထွက်နှုန်း တိုးနိုင်ကြောင်း    မြန်မာနိုင်ငံကော်ဖီ အသင်းအတွင်းရေးမှူး  ဦးမင်းလှိုင်  ထံမှ သိရပါတယ်။

 

ကော်ဖီခူးဆွတ်ချိန်မှာ  နိုဝင်ဘာလမှ မတ်လအထိဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ပြည်တွင်း ၌ ကော်ဖီတန်ချိန် နှစ်ထောင်ခန့် ထွက်ရှိခဲ့ကာ   ယခုနှစ်တွင်   ပိုမိုထွက်ရှိနိုင်ကြောင်း သိရပါတယ်။

 

''ဒီနှစ်က မိုးကောင်းတဲ့အတွက် အထွက်နှုန်းပိုကောင်းမယ်လို့  ယူဆထားပါတယ်။ ရွာငံဘက်မှာလည်း  စိုက်ဧကတွေ တိုးမြှင့် စိုက်ပျိုးကြတော့ မနှစ်ကထက် အထွက်နှုန်း ပိုနိုင်ပါတယ်''ဟု ဦးမင်းလှိုင် ကပြောကြားခဲ့ပါတယ်။

 

ထိုသို့ကော်ဖီစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရာတွင်   ပြင်ဦးလွင်မြို့နယ်၌   မြေယာ အကန့်အသတ်ဖြင့်သာ စိုက်ပျိုးခွင့်ရှိသည့် အတွက်  ရွာငံဒေသ၌သာ   တိုးချဲ့စိုက်ပျိုး ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ကော်ဖီကဏ္ဍတိုးတက်ရန်မှာ တောင်သူများအတွက် နည်းပညာ၊ သွင်းအားစု၊  ရေ ရရှိမှု   စသည့် လိုအပ်ချက်များလည်း ရှိနေကြောင်း သိရပါတယ်။

 

ကော်ဖီကို မန္တလေးတိုင်းဒေသကြီး၌ ပြင်ဦးလွင်၊ မိုးကုတ်၊ ရှမ်းပြည်နယ်(မြောက် ပိုင်း)၌ နောင်ချို၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ရွာငံ၊ ဟိုပုံး၊ ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကရင်ပြည်နယ်၌ သံတောင်ကြီးနှင့်  ချင်းပြည်နယ်  စသည့်ဒေသများ၌ ပိုမိုစိုက်ပျိုးကြပြီး တခြားဒေသများ၌လည်း အနည်းငယ်    စိုက်ပျိုးကြကြောင်း သိရပါတယ်။

 

Source: Myawady

Read times
Rate this item
(1 Vote)