Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပမှ ပဲပုပ်တင်သွင်းမှုများ ရှိနေ

ပြည်တွင်းရှိ ပဲပြားနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်တဲ့ လုပ်ငန်းများလိုအပ်ချက်အရ  အမေရိကန်၊ အိန္ဒိယ၊ ထိုင်းနှင့် အာဖရိကနိုင်ငံတချို့မှ ပဲပုပ်တင်သွင်းမှုများရှိကြောင်း မြန်မာ့ပဲပုပ်အများပိုင် တောင်သူကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းဇော်အေး၏ ပြောကြားချက်အရ သိရပါတယ်။

 

ယင်းသို့ တင်သွင်းရာတွင်  တစ်နှစ်လျှင် အနည်းဆုံး  ပဲပုပ်တန်ချိန် ရှစ်သိန်းအထိ တင်သွင်းလျက်ရှိပြီး အဓိကအားဖြင့် ပဲပြား ထုတ်လုပ်ရန်နှင့်  တိရစ္ဆာန်အစာဖြစ်သည့်  ပဲဖတ်ကို အဓိကထား ထုတ်လုပ်နေသော ပဲပုပ်ဆီစက်  စသည့်အသေးစား လုပ်ငန်းများမှ လိုအပ်ချက်အရ တင်သွင်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။

 

"တင်သွင်းတာကတော့ ပဲပြားလုပ်ငန်းရှင်တွေက  သိုလှောင်ထားတဲ့ ပဲမဟုတ်ဘဲ လတ်ဆတ်တဲ့ ပဲမျိုးဆိုရင်တော့ တင်သွင်းလာတာရှိတယ်။ အများဆုံး  ပြည်ပကနေ တင်သွင်းနေတာကတော့   တိရစ္ဆာန်အစာအတွက်ပါပဲ" ဟု ဦးဝင်းဇော်အေး ကပြောကြားခဲ့ပါတယ်။

 

ပြည်တွင်းမှထွက်ရှိနေတဲ့  ပဲပုပ်များက ပဲပြားလုပ်ငန်းများအတွက် လုံလောက်မှု မရှိသေးတဲ့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း၊ တောင်ပိုင်း)နှင့် ကချင်ပြည်နယ်တို့မှ ထွက်ရှိတဲ့ ပဲပုပ်များကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့နေရကြောင်း သိရပါတယ်။

 

Read More >>>>  မွေးမြူရေးဇုန်များကို တရုတ် - မြန်မာစီးပွားရေး စင်္ကြံတစ်လျှောက် တည်ထောင်သွားဖို့ ဆွေးနွေး

 

"ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာတော့ ပဲပုပ်က မိုးရာသီကျမှ ပေါ်တာဖြစ်တဲ့အတွက် ရာသီဥတုဖောက်ပြန်ရင် ပဲကောင်းထွက်တာနည်းတယ်။ပဲကောင်းအသုံးမပြုရင်  ပဲပြားမှာ စိုထိုင်းဆများပြီး ပဲပြားအရည်အသွေး ကျသွားတဲ့အတွက်  ပြည်ပကနေ တင်သွင်းတာလည်း ပါတယ်" ဟု ဦးဝင်းဇော်အေးကပြောကြားခဲ့ပါတယ်။

 

ပြည်တွင်းမှ ပဲပုပ်များကို တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်ယွမ်ငွေဖြင့် ရောင်းချရခြင်းဖြစ်ပြီး  ပြည်ပမှ ပြန်လည်တင်သွင်းရာ၌ အမေရိကန်ဒေါ်လာဖြင့်  တင်သွင်းရသည့် အတွက် နစ်နာမှုများရှိကြောင်း၊ ပြည်တွင်း၌ တစ်နှစ်လျှင် ပဲပုပ်တန်ချိန် သုံးသိန်းဝန်းကျင်သာ ထွက်ရှိသည့်အတွက် လက်ရှိတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းနှင့် ပဲပုပ်မှ စားသုံးဆီ၊ ပဲပုပ်ဖတ်၊ ဆပ်ပြာ၊ အိမ်သုတ်ဆေး၊ ဆေးဝါးနှင့် ပဲငံပြာရည် အစရှိတဲ့ တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်လျက် ရှိကြောင်း သိရပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times
Rate this item
(0 votes)