Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540

မန္တလေးတိုင်း၊ ပြင်ဦးလွင်၏ ဒေသထွက်ကုန်တစ်ခုဖြစ်သော စတော်ဘယ်ရီသည် ယခုနှစ် ဇန်နဝါရီလလယ်မှ စတင်၍ အရောင်းအဝယ် ဖြစ်ခဲ့ပြီး လက်ရှိ လှိုင်လှိုင်ပေါ်နေသည့်အချိန်တွင် ရောင်းအားအကောင်းဆုံးဖြင့် အကျိုးအမြတ် ရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

စျေးနှုန်းအနေဖြင့် စတော်ဘယ်ရီသီး စတင် ထွက်ပေါ်ချိန်တွင်...

 

  • စတော်ဘယ်ရီ ချိုမွှေးသီး (၁) ပိဿာလျှင် (၁၅,၀၀၀) ကျပ်၊ 
  • စတော်ဘယ်ရီ ရိုးရိုးအကျွတ်သီး (၁) ပိဿာလျှင် (၁၃,၀၀၀) ကျပ်၊ 
  • စတော်ဘယ်ရီ ဖျော်ရည်သီး (ဒေသမျိုး) (၁) ပိဿာလျှင် (၁၂,၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။

 

ယခုကဲ့သို့ လှိုင်လှိုင်ပေါ်ချိန်တွင် စတော်ဘယ်ရီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလာပြီး...

 

  • စတော်ဘယ်ရီ ချိုမွှေးသီး (၁) ပိဿာလျှင် (၁၂,၀၀၀) ကျပ်၊ 
  • စတော်ဘယ်ရီ ရိုးရိုးအကျွတ်သီး (၁) ပိဿာလျှင် (၇,၀၀၀) ကျပ်၊ 
  • စတော်ဘယ်ရီ ဖျော်ရည်သီး (ဒေသမျိုး) (၁) ပိဿာလျှင် (၆,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိသည်။ 

 

Advertisement

Click Here > King Metal

 

ပြင်ဦးလွင်မြို့နှင့် အနီးတဝိုက် ကျေးရွာများမှ ထွက်ရှိသည့် စတော်ဘယ်ရီများကို အဓိကဈေးကွက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ ရောင်းချကာ တခြားနယ်များသို့လည်း တင်ပို့လျက် ရှိသည်။

 

စတော်ဘယ်ရီ သီးနှံသည် နှစ်စဉ် ရောင်းအားကောင်းပြီး စိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိကြသဖြင့် ယခင် ၂၀၂၂ ခုနှစ်၌ စတော်ဘယ်ရီသီးနှံ (၂၀၀) ဧက စိုက်ပျိုးခဲ့ရာမှ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် (၂၃၁) ဧကသို့ ပိုမို တိုးချဲ့၍ စိုက်ပျိုးခဲ့ကြသည်။

 

စတော်ဘယ်ရီ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် စတော်ဘယ်ရီခင်း (၁) ဧကလျှင် ၂၅-၃၀ ကျပ်သိန်းခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၁၅-၂၀ ကျပ်သိန်း ရရှိကြသည်ဟု သိရသည်။

 

ယခုနှစ်တွင် သွင်းအားစုနှင့် အလုပ်သမားစရိတ်များသည် နှစ်ဆကျော် ကုန်ကျသော်လည်း တောင်သူအများစုမှာ မိရိုးဖလာ အစဉ်အဆက် ဆက်လက် စိုက်ပျိုးကြခြင်း ဖြစ်ကာ စတော်ဘယ်ရီ စိုက်ပျိုးချိန်သည် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇) လကျော် ကြာမြင့်သည်။ 

 

Source : MOC

Published in Food & Livestock

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ထိုင်ဝမ်ဆီးသီးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ အဖွင့်ဈေးကွက် ကောင်းမွန်လျက်ရှိပြီး


ရှမ်းပြည်နယ်မှထွက်ရှိသည့် ချင်းအသစ်များ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက် လာပြီဖြစ်သော်လည်း  ပြည်ပဝယ်လက် မရှိခြင်းကြောင့် ပြည်တွင်းဈေးကွက်၌သာ 


မြန်မာထမင်းဝိုင်းမှာ ပါလေ့ရှိတဲ့ ဟင်းသီးဟင်းရွက် ဖြစ်တဲ့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းရွက်များ၊ ဥပမာ-ဟင်းနုနယ်၊ ကိုက်လန်၊ ကန်စွန်းရွက်၊ ဒန့်ဒလွန်ရွက်အစရှိတဲ့ အရွက်တွေထဲမှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် သံဓာတ်ချို့ တဲ့မှုရှိသော သွေးအားနည်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

Published in Food & Health

တရုတ်နိုင်ငံတွင် ဖရဲသီးထွက်ရှိသည့်ရာသီ ကုန်ဆုံးသွားသောကြောင့် ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံဘက်မှ


ဝါတွင်းကာလအချိန်သမယတွင် သက်သတ်လွတ်သမားအတွက် ရည်ရွယ်ပြီး သက်သတ်လွတ် ခရမ်းသီးပေါင်းပြုလုပ်နည်းလေးကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

Published in Myanmar

 

စွန်ပလွန်သီးသည် အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးနှင့် အိန္ဒိယတိုက်ငယ်တို့၌ ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးသည့် ချိုမြိန်ပြီး လူကြိုက်များသော သစ်သီးဖြစ်သည်။

Published in Food & Health

ထောပတ်သီး၏ အာဟာရ

Published in Food & Health

ကရင်ပြည်နယ် ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင်စိုက်ပျိုးထားသော ဒူးရင်းပင်များမှ


ကရင်ပြည်နယ်ရဲ့ ဒူးရင်းသီးစားပွဲတော်ကို ၁၂. ၅. ၂၀၁၈ (စနေနေ့) မှာ ကော့ကရိတ်မြို့နယ်၊ လောင်းကိုင်ကြာအင်းကျေးရွာ၊

Published in Event & Exhibition
Page 1 of 2