Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တွံတေးရှိ မြေဧက ၅၀၀ တွင် ငါး၊ ပုစွန် မွေးမြူရေး အအေးခန်းစက်ရုံများ တည်ဆောက်မည်

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ မြေဧက ၅၀၀ ပေါ်တွင် အအေးခန်းစက်ရုံများ

တည်ဆောက်ခွင့်ကို မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တင်ပြထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်က ပြောသည်။

 

ငါး၊ ပုစွန်မွေးမြူရေးဇုန်များမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို ကုန်ချောထုတ်လုပ်ရန် ကွမ်းခြံကုန်းမြို့နယ် ဧကတစ်သောင်းခန့်ပေါ်တွင် ငါး၊ ပုစွန်မွေးမြူရေးဇုန် တည်ဆောက်မည်ဖြစ်ပြီး အဆိုပါဇုန်အကောင်အထည်ဖော်ရန် အစိုးရက ခွင့်ပြုပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

‘‘တင်ပြထားတာတွေကို တိုင်းအစိုးရကနေ ပြည်ထောင်စုအစိုးရဆီတစ်ဆင့် တင်ပေးပြီးပါပြီ။ အကြမ်းဖျင်းတော့ သဘောတူမှာပါပဲ။ ကုန်ချောထုတ်ဖို့၊ အအေးခန်းစက်ရုံတွေတည်ထောင်ဖို့ ဆွေးနွေးပြီးတော့ ကာလတိုစီမံကိန်း သုံးနှစ်တာအတွင်း ဒါလေးကိုအကောင်အထည်ဖော်နိုင်ဖို့၊ လိုအပ်တဲ့အချက်အလက်တွေ ထပ်တင်ပြဖို့ ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ညှိနှိုင်းထားတာတွေရှိပါတယ်’’ဟု ဦးထွန်းဝင်းမြင့်က ပြောသည်။

 

Source: 7 days new

Read 2173 times Last modified on Wednesday, 19 September 2018 10:56
Rate this item
(0 votes)