Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


Grand Royal Special Reserve က ဝယ်ယူအားပေးသူများအတွက် တန်ဖိုးအကြီးမားဆုံးသော ရွှေသားအတိပုလင်းကို အထူးဖန်တီးပြုလုပ်

Unicode


Grand Royal Special Reserve က ဝယ်ယူအားပေးသူများအတွက် တန်ဖိုးအကြီးမားဆုံးသော ရွှေသားအတိပုလင်းကို အထူးဖန်တီးပြုလုပ်


Grand Royal Special Reserve သည် ၎င်း၏ တန်ဖိုး အကြီးမားဆုံး ရွှေပုလင်းကို ရန်ကုန်မြို့ စက်တင်ဘာလ ၁၂ ရက် The Strand Hotel ၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ တွင်  ထုတ်ဖော်ပြသခဲ့သည်။


ရွှေသားအတိဖြင့်ပြုလုပ်ထားသော ထိုပုလင်းအား နိုင်ငံတကာအရည်အသွေးမီ မြန်မာပြည်ဖွား အောင်သမာဓိ စိန်ရွှေရရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းက ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။

 

ပွဲတွင် ထုတ်ဖော်ပြသခဲ့သော ရွှေပုလင်းသည် Grand Royal ၏ ပရီမီယမ်ကုန်အမှတ်တံဆိပ် ဖြစ်သည့် Special Reserve အတွက် သီးသန့်ပြုလုပ်ပေးထားသော ဖန်တီးမှုဖြစ်ပါသည်။ ၇၀၀ ml အရွယ်အစား ရွှေပုလင်းဖြစ်ပြီး ကမ္ဘာ့အဆင့်မီ မြန်မာ့ရွှေလုပ်ငန်းဖြစ်သည့် အောင်သမာဓိ စိန်ရွှေရတနာဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းက ဖန်တီးပေးခဲ့ခြင်းဖြစ် သည်။ ရွှေမြန်မာမှ စားသုံးသူများအား ကျေးဇူးတုံ့ပြန်သည့် အထိမ်းအမှတ်ဖြင့် ရွှေပုလင်း ကို Special Reserve မှ ပြန်လည်ပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

Grand Royal Group International Company Limited ၏ CEO ဖြစ်သူ Sanjay Gupta က “ဒီရွှေပုလင်းကိုပြုလုပ်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းကတော့ ဒါကိုမြန်မာနိုင်ငံမှာ တစ်ခါမှမလုပ်ဖူးသေးလို့ပဲ ဖြစ်ပါတယ်။ ဒီရွှေပုလင်းဟာ ကျွန်တော်တို့ကို အစဉ်တစိုက် အားပေးနေသူတွေအတွက် တန်ဖိုးကြီးတဲ့ ဆုတစ်ခုဖြစ်ရုံမကပဲ ရွှေစံချိန်မီ နိုင်ငံတကာအရည်အသွေးနဲ့ စံနှုန်းမြင့်မားတဲ့ ကျွန်တော်တို့ ကုန်အမှတ်တံဆိပ်ရဲ့ ရပ်တည်ချက်နဲ့လည်း တူပါတယ်။

 

Special Reserve က မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အမျိုးအစားတူ ကုန်ပစ္စည်းများထဲကမှ နိုင်ငံတကာ က ပေးအပ်တဲ့ဆုတွေ အများဆုံးရရှိထားပါတယ်။ ကျွန်တော်တို့က ကမ္ဘာကလေးစားရတဲ့ မြန်မာပြည်ဖွား အဆင့်မြင့် ကုန်ပစ္စည်းတစ်ခုကို ဖန်တီးဖို့ရည်မှန်းထားတဲ့အတွက် မြင့်မားတဲ့ စံချိန်စံနှုန်းတွေကို ထားရှိ ထားပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံတကာအရည်အသွေးမီ မြန်မာပြည်ဖွားကုန်ပစ္စည်းဖြစ်တဲ့ ကျွန်တော်တို့ Special Reserve ရဲ့ စိတ်ဓာတ်နဲ့အားမာန်ကို  ထင်ပေါ်စေတဲ့ တီထွင်ဖန်တီးသူများ၊ မိတ်ဖက်လုပ်ငန်းများ နဲ့အတူ အစဉ်အမြဲ လက်တွဲကြိုးပမ်းလျက်ရှိပါတယ်” ဟုလည်း ပြော ကြားခဲ့ပါသည်။

 

Sauces (Chilli) ငရုတ်ဆော့စ်လုပ်ငန်းပေါင်း ၃၂ ခုကိုရှာရန်နှိပ်ပါ။

 

Grand Royal Group International Company Limited ၏ National Sales Manager ဖြစ်သူ ဦးဇော်မျိုးဝင်းက “ကျွန်တော်တို့ကို အစဉ်အမြဲ အားပေးနေသူတွေအတွက် ထူးခြားတဲ့အစီအစဉ်လေး ပြုလုပ်ပေးချင်တဲ့အတွက် ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့   ရွှေသားအတိနဲ့ ပြုလုပ်ထားတဲ့ ရွှေပုလင်းအပြင် အခြားရွှေသားဆုမဲပေါင်းများစွာကိုလည်း မဲဖောက် ပေးသွားမှာ ဖြစ်ပါတယ်။ ရွှေဆိုတာ ကမ္ဘာပေါ်မှာ ကျက်သရေအရှိဆုံးနဲ့ မြန်မာလူမျိုးတွေ အရမ်းကိုချစ်မြတ်နိုး တန်ဖိုးထားကြတဲ့ သတ္တုတစ်မျိုးပါ။


ကျွန်တော်တို့အနေနဲ့ အကောင်းကြိုက်တတ်တဲ့ စားသုံးသူတွေကို တန်ဖိုးထားကြောင်း ပြသလိုတာဖြစ်တဲ့ အတွက် ဒီလိုကောင်းမွန်ပြီး တန်ဖိုးရှိတဲ့အရာတွေကို ပေးအပ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်က ဂုဏ်ယူစရာကောင်းတဲ့ မြန်မာ့ထွက်ကုန်တွေနဲ့ အရည်အချင်း တွေကို လူအများကို သိစေချင်တာပဲဖြစ်ပါတယ်” ဟု ပြောကြားသွားခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်မျိုးဝင်းက Special Reserve ၏ စားသုံးသူများအတွက် ပရိုမိုးရှင်း အစီအစဉ်တွင် အထူးဆုကြီးအဖြစ်ပါဝင်သော ဤရွှေပုလင်းကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် စက်တင်ဘာ ၁၆ ရက်နေ့မှစတင်၍ ပြသသွားမည့်အကြောင်း ပြောကြားသွားခဲ့ပါသည်။ စားသုံးသူများအနေဖြင့် ရွှေပုလင်း၏ အလေးချိန်နှင့် တန်ဖိုးကို ခန့်မှန်းခြင်းဖြင့် ရွှေဒဂါးဆုမဲများကို ကံစမ်းနိုင်မည် ဖြစ်ပါသည်။ တပြိုင်နက်ထဲမှာပင် အခြားဆုများပေးအပ်သွားမည့် အွန်လိုင်းအစီအစဉ်များကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်။

ရွှေသားအတိဖြင့် ပြုလုပ်ထားသော ပုလင်းလှည့်လည်ပြသမည့် အစီအစဉ်အပြင် စားသုံးသူများအတွက် ပရိုမိုးရှင်းအစီအစဉ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ပိုမိုသိရှိလိုပါက Special Reserve ၏ Facebook စာမျက်နှာဖြစ်သော https://www.facebook.com/specialreservewhisky/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။  

 

Read More >>>>>  မြန်မာ့လယ်ယာထွက်ကုန်များကို ထိုင်းမှတဆင့် မလေးရှားနိုင်ငံသို့ တင်ပို့ခွင့်ရရန် တင်ပြ


Myanmar Food Industry Directory  (WWH)

 

 

 

 


 

Grand Royal Special Reserve သည် ၄င်း၏ တန်ဖိုး အကြီးမားဆုံး ရွှေပုလင်းကို ရန်ကုန်မြို့ စက်တင်ဘာလ ၁၂ ရက် The Strand Hotel ၌ ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ တွင်  ထုတ်ဖော်ပြသခဲ့သည်။



 


 


 


 

Sauces (Chilli) ငရုတ်ဆော့စ်လုပ်ငန်းပေါင်း ၃၂ ခုကိုရှာရန်နှိပ်ပါ။

 




 


 


 




Read times Last modified on Friday, 21 February 2020 17:50
Rate this item
(1 Vote)