Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်ပရင်းနှီးမြှုပ်နှံသူများက တန်ဖိုးမြင့် နာနတ်သီးထုတ်ကုန်ထုတ်လုပ်ဖို့ စိတ်ဝင်စား

နာနတ်သီးမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရန် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျက်ရှိပြီး လာရောက်ဆက်သွယ်မှုများရှိကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်ရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ပြည်တွင်းမှ နာနတ်သီးစိုက်ပျိုးထွက်ရှိမှု လုံလောက်တဲ့အပြင် ပြည်တွင်းပြည်ပဈေးကွက်များအတွင်း လိုအပ်များပြားလာတဲ့အတွက် နောက်ပိုင်းမှာ စက်မှုကုန်ကြမ်းသီးနှံအဖြစ်လည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

နာနတ်သီးကနေ တန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်ဖို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ စိတ်ဝင်တစားလာရောက်မေးမြန်းကြပါတယ်။ ပြည်တွင်းမှာတော့ နာနတ်သီးက စိုက်ပျိုးမှု အထွက်ကောင်းပြီး လုံလောက်တဲ့အခြေအနေရှိတော့ အဆင်ပြေတယ်လို့ ဦးစိုးသန်းမင်းဒင်က ပြောပါတယ်။


လက်ရှိ ပြည်တွင်းမှ ထွက်ရှိတဲ့ နာနတ်သီးကို တရုတ်နိုင်ငံဆီ အလုံးလိုက်တင်ပို့နေပြီး နောက်ပိုင်းမှာ နာနတ်သီး Juice အဖြစ် တင်ပို့နိုင်ဖို့ ရည်မှန်းထားပါတယ်။

 

Read More >>>>>  ထိုင်းစတိုင် ဆားငံသီးငါးပေါင်း

 

ပြည်ပဈေးကွက်အလားအလာရှိတဲ့ သီးနှံတွေကို မြန်မာ့သစ်သီးဝလံနဲ့ သက်ဆိုင်တဲ့ စံချိန်စံညွှန်းများအဖြစ် ရေးဆွဲဖို့ စီစဉ်နေတဲ့အပြင် သစ်သီးဝလံ ၄၃ ခုကို စံချိန်စံညွှန်းရေးဆွဲခဲ့ပြီးဖြစ်ကာ နာနတ်သီးနှံကို ဆက်လက်ရေးဆွဲဖို့ စတင်နေပါတယ်။

 

ရေးဆွဲတဲ့အခါမှာ နိုင်ငံတကာစံချိန်စံညွှန်းအတွင်းမှ မြန်မာနိုင်ငံနဲ့ ကိုက်ညီတာတွေကို ထည့်သွင်းရေးဆွဲထားခြင်းဖြစ်ကြောင်း၊ နာနတ်သီးနှံကို စံချိန်စံညွှန်းရေးဆွဲပြီးပါက ပြည်ပပို့ကုန်အဖြစ် တင်ပို့ရာတွင် ပိုမိုလွယ်ကူမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

Source: Myaway

Read times Last modified on Friday, 17 May 2019 13:05
Rate this item
(1 Vote)