Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အ၀ယ်နည်းချိန် မြန်မာဆန်ဈေးကျခြင်းက ဈေးကွက်သစ်ရရန် အခွင့်အလမ်းဖြစ်

တရုတ်အ၀ယ်နည်းချိန် နိုင်ငံတကာဈေးကွက်တွင် မြန်မာ ဆန်ဈေးကျနေခြင်းက ဈေးကွက် အသစ်များ ထပ်မံရရှိရန်

အခွင့် အလမ်းတစ်ခု ဖြစ်လာကြောင်း ဆန်တင်ပို့သည့် လုပ်ငန်းရှင်အ ချို့က ပြောသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းက ဖိလစ်ပိုင်အစိုးရသည် ပြည်ပမှ ဆန်တန်ချိန် ငါးသိန်းတင်သွင်းရန် တင်ဒါခေါ်ယူရာ မြန်မာနိုင်ငံမှ ကုမ္ပဏီတစ်ခုအပါအ၀င် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံများမှ ကုမ္ပဏီများ တင်ဒါအောင်ခဲ့သည်။

 

လက်ရှိတွင် မြန်မာနိုင်ငံမှ အပ အခြားတင်ဒါအောင်မြင်ထားသော ကုမ္ပဏီများက မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် စိတ်ဝင်စားပြီး စုံစမ်းနေသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

 

လက်ရှိ အာဆီယံနှင့် အာရှ တွင် မြန်မာနှင့် ပါကစ္စတန်နိုင်ငံ မှ ဆန်ဈေးနှုန်းက အနည်းဆုံး အခြေအနေတွင် ရှိသည်။ ထိုင်း နိုင်ငံ၏ ဆန်တစ်တန်ဈေးသည် ၂၅ မှတ် ဆန်တစ်တန်လျှင် ကန် ၃၆၂ ဒေါ်လာ၊ ဗီယက်နမ်သည် ၃၉၀ ဒေါ်လာဈေးရှိသည်။ မြန်မာနိုင်ငံမှ ဆန်တစ်တန်ဈေးနှုန်းက ၂၅ မှတ်အမျိုးအစားကို ကန်ဒေါ်လာ ၂၉၀၊ ပါကစ္စတန်ဆန်က ၃၂၈ ဒေါ်လာဈေးရှိသည်။

 

နိုင်ငံတကာ ဆန်ဈေးကွက် တွင် ဈေးသက်သာသည့် အား သာချက်ကြောင့် ဖိလစ်ပိုင်အစိုး ရ၏ တင်ဒါအောင်မြင်ထားသည့်  ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယဆန်ကု မ္ပဏီများက မြန်မာ့ဆန်ကို ၀ယ် ယူလိုကြောင်း ဦးမျိုးသူရအေးက ပြောသည်။

 

‘‘တရုတ်ဈေးကွက်အခြေအ နေ မကောင်းတဲ့အချိန်မှာ ဈေး ကွက် အသစ်ရဖို့ အခွင့်အလမ်း ကောင်းပဲ’’ဟု ဦးမျိုးသူရအေးက ၎င်း၏အမြင်ကို ပြောသည်။

 

မြန်မာနိုင်ငံ၏ နိုင်ငံခြားဆန် ဈေးကွက်သည် တရုတ်၊ အာဖရိ ကနှင့် ဥရောပသမဂ္ဂနိုင်ငံများကို အဓိကထားရောင်းချခဲ့ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသည့် လုပ်ငန်းရှင် ဦးလူမော်မြင့်မောင် က ပြောသည်။

 

‘‘လက်ရှိ ဒီမှာက သင်္ဘော တင်သမားတွေပဲ အ၀ယ်ရှိတယ်။ တရုတ်လိုင်းအတွက် အ၀ယ်က နယ်မှာပဲ တိုက်ရိုက်ဝယ်ပြီး ပို့နေ ကြတယ်’’ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

 

ဘုရင့်နောင် ကုန်စည်ဒိုင်မှ တစ်ရက် ဆန်ဝယ်လိုအားသည် အိတ်ရေ ပျမ်းမျှ ရှစ်သောင်းမှ ငါးသောင်းအကြား ရှိနေ သည်ဟု ၎င်းကဆိုသည်။

 

လက်ရှိ ပြည်တွင်းဈေးကွက် တွင် ၂၅ မှတ်ဆန်ကြမ်းဈေးနှုန်း သည် တစ်အိတ်လျှင် ကျပ် ၁၉,၅၀၀ ခန့် ဈေးရှိနေသည်။

 

ပြည်တွင်းဈေးကွက်တွင် မိုး စပါးဈေးသည် တင်း ၁၀၀ လျှင် ကျပ် ၅၃၀,၀၀၀ ခန့်ဈေးရှိသည်။ လက်ရှိ စပါးဈေးသည် မိုးစပါး စပေါ်ချိန်နှင့် နှိုင်းယှဉ်ပါက တင်း ၁၀၀ လျှင် ကျပ်နှစ်သိန်းကျော် ဈေးလျော့သည်။ မိုးစပါးစတင် ပေါ်ချိန်က တရုတ်ကုန်သည်များ က တိုက်ရိုက်ဝယ်ယူသဖြင့် စပါး တင်း ၁၀၀ လျှင် ကျပ် ခြောက် သိန်းခွဲကျော်အထိ ဈေးရရှိခဲ့သည်။

 

  ‘‘စပါးဈေးက ငါးသိန်း အောက်မကျရင်တော့ တော်ပါ ပြီ။ ပထမတရုတ်ကြီးက မ၀ယ် ဘူးကြားတော့ စိုးရိမ်မိတယ်။ ဈေးကျမှာကိုလေ’’ဟု ဓနုဖြူမြို့နယ် မှ လယ်သမားဦးသိန်းအောင် က ပြောသည်။

 

၂၀၁၈ ဧပြီမှ နိုဝင်ဘာ ၂ ရက်အထိ မြန်မာနိုင်ငံမှ ပြည်ပ ဆန်တင်ပို့မှု တန်ချိန် ၁ ဒသမ ၂၇သန်းရှိပြီး နယ်စပ်ကုန်သွယ်ရေး ဖြင့် တရုတ်နိုင်ငံသို့ တန်ချိန် ခုနစ်သိန်းခန့် တင်ပို့ထားသည်။ ပြည်ပဆန်တင်ပို့မှု စုစုပေါင်းမှ ကန်ဒေါ်လာ ၄၄၁ သန်းကျော် ရရှိထား သည်။

 

Source: 7 days new

Read times
Rate this item
(1 Vote)