Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်-မြန်မာ နယ်စပ်ဂိတ်များ၌ ဝက်နှင့် ဝက်ထွက်ပစ္စည်းများ ဖမ်းမိ

တရုတ်နိုင်ငံတွင်ဖြစ် ပွားနေသည့် အာဖရိက၀က်တုပ် ကွေးရောဂါ မြန်မာနိုင်ငံသို့ မကူး စက်စေရန် တရုတ်-မြန်မာနယ် စပ်ဝင်ပေါက်များ၌

ဝက်အရှင် နှင့် ၀က်ထွက်ပစ္စည်းများသယ်ယူ မှုကို ဖမ်းဆီးနေကြောင်း မူဆယ် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနဒုညွှန်မှူးဒေါက်တာဝင်းဗိုလ် က ပြောသည်။

 

ဒီဇင်ဘာ ၉ ရက်ကမူဆယ် မြို့ တရုတ်-မြန်မာနယ်စပ်ဆင် ဖြူစစ်ဆေးရေးဂိတ်တွင်တာဝန် ထမ်းဆောင်နေသည့် စစ်ဆေး ရေးအဖွဲ့သည် တရုတ်နိုင်ငံမှ မြန် မာနိုင်ငံသို့ သုံးဘီးယာဉ်များဖြင့် သယ်ဆောင်လာသည့်အေးခဲဝက် ခေါက်များဖမ်းမိကြောင်းဒေါက် တာဝင်းဗိုလ်က ပြောသည်။

 

သုံးဘီးယာဉ်  ခုနစ်စီးဖြင့် သယ်ဆောင်လာသည့် ကျပ် ၁၂၇ သိန်းကျော် တန်ဖိုးရှိ အေးခဲဝက် သား ၄,၂၅၀ ကီလိုခန့်ကို ဖမ်း ဆီးကာ တိရစ္ဆာန်နှင့်တိရစ္ဆာန် ထွက်ပစ္စည်းများ တရားမ၀င် တင် သွင်း၊ တင်ပို့ခြင်းတားဆီးကာ ကွယ်ရေးကော်မတီက မူဆယ်မြို့ ဘာသာပေါင်းစုံသုသာန်တွင် မီး ရှို့မြေမြှုပ်ဖျက်ဆီးခဲ့ကြောင်း ၎င်း ကပြောသည်။

 

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဂိတ်ဝင်ပေါက်များတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန က စစ်ဆေးရေးဂိတ်များဖွင့်ထား ပြီး တရုတ်နိုင်ငံမှ ၀က်အရှင်နှင့် ၀က်ထွက် ပစ္စည်းများဖြစ်သည့် ၀က်သား၊ အေးခဲဝက်သား၊၀က် အူချောင်းနှင့် ၀က်ပေါင်ခြောက် များ မြန်မာနိုင်ငံသို့ သယ်ယူခြင်း၊ ၀ယ်ယူခြင်းနှင့် ရောင်းချခြင်း မပြုလုပ်ရန် တားမြစ်ပိတ်ပင် ထားကြောင်း မြန်မာ-တရုတ်နှစ် ဘာသာဖြင့် ရေးသားထားသည့် သတိပေးဗီနိုင်းများ ချိတ်ဆွဲထား သည်။

 

‘‘တစ်ဖက်နိုင်ငံမှာ စဖြစ်နေ ကတည်းက ဒီဘက်ကိုကူးစက်ပြန့် ပွားခြင်းမရှိအောင် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေ ပူးပေါင်းပြီးတား ဆီးမှုတွေလုပ်နေပါတယ်’’ ဟု ဒေါက်တာ ၀င်းဗိုလ်က ပြော သည်။

 

အာဖရိက ၀က်တုပ်ကွေး ရောဂါဖြစ်ပွားနေကြောင်း တ ရုတ်အစိုးရက ဩဂုတ် ၃ရက်တွင် ကြေညာပြီး နယ်စပ်ဂိတ်များ၌ နိုဝင်ဘာ ၈ ရက်ကစတင်ကာ ကူးစက်မှုမရှိစေရန် အသိပညာ ပေးဟောပြောပွဲများ၊ ရောဂါနှင့် ပတ်သက်၍ လက်ကမ်းစာစောင် များ ဝေငှခြင်း၊ စစ်ဆေးတားဆီး ခြင်းများပြုလုပ်နေကြောင်း ၎င်း ကဆိုသည်။

 

တရုတ်အစိုးရ စတင်ကြေ ညာသည့်ရက်ကစတင်ပြီး ဒီဇင် ဘာ ၇ ရက်အထိ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၁ ခုရှိ ၉၁ ရွာတွင် ရောဂါကူးစက် ပျံ့နှံ့ပြီး ရောဂါထိန်းချုပ်ရေး ၀က်ကောင်ရေ ခြောက်သိန်းကျော် သုတ်သင် ရှင်းလင်းခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က ထုတ်ပြန်ထားသည်။

 

 မြန်မာနိုင်ငံနယ်စပ်အနီး ယူနန်ပြည်နယ်တွင် အောက်တို ဘာက စတင်၍ အာဖရိက၀က်တုပ်ကွေးရောဂါဖြစ်ပွားနေ ကြောင်း ဒေါက်တာဝင်းဗိုလ်က ပြောသည်။

 

ယင်းရောဂါသည် ၁၉၀၇ တွင် အာဖရိကတိုက်ကင်ညာနိုင်ငံ၌ စတင်ဖြစ်ပွားပြီး ဥရောပ တိုက်နှင့် အမေရိကတိုက်များသို့ ဆက်လက်ပျံ့နှံ့ခဲ့သည်။

 

‘‘ဒီရောဂါက လူကိုမကူးစက် ဘူးဆိုပေမယ့် ဒီရောဂါပိုးက  ပေါ့ ဆလို့မရပါဘူး။ ဒီရောဂါဖြစ်တာ နဲ့ဝက်တွေသေနှုန်းက တခြားတွေ နဲ့မတူဘဲ ရာနှုန်းအများအပြား သေကျေနိုင်ပါတယ်’’ ဟု ဒေါက် တာဝင်းဗိုလ်က ဆိုသည်။

 

အာဖရိက ၀က်တုပ်ကွေး ရောဂါသည် DNA အမျိုးအစား ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ရောဂါပိုးသယ်ဆောင်သောကြား ခံလက်ခံကောင်ဖြစ်သည့် မွှား တွယ်ခြင်း၊ ကိုက်ခြင်းအပြင်ရော ဂါပိုးကူးစက်ခံထားရသော ၀က် အသားနှင့် ၀က်ထွက်ပစ္စည်းများ မှတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ကာ အိမ်မွေးဝက်များနှင့် တောဝက် များတွင် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။

 

လူများတွင်မူ ရောဂါကူး စက်ခြင်း လုံးဝမရှိဘဲ အဆိုပါ ရောဂါပိုးသည် ကူးစက်မှုနှုန်းမြင့် မားပြီး ကာကွယ်ဆေးနှင့် ကုသ ဆေးများမရှိသောကြောင့် ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေးအဖွဲ့က အ ရေးကြီးရောဂါအဖြစ် သတ်မှတ် ၍ ဖြစ်ပွားလျှင် သုတ်သင်ရှင်း လင်းရန်သာ မှတ်ချက်ပြုထား ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန အ မြဲတမ်းအတွင်းဝန်ဒေါက်တာခင် ဇော်က ပြောသည်။

 

Source: 7 days new

Read times
Rate this item
(1 Vote)