Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဆန်ကွဲ ပြည်ပသို့ သင်္ဘောတင်ရှိသောကြောင့် ဘုရင့်နောင် ကုန်စည်ဒိုင်သို့အဝင်နည်း

Unicode


ဆန်ကွဲ ပြည်ပသို့ သင်္ဘောတင်ရှိသောကြောင့် ဘုရင့်နောင် ကုန်စည်ဒိုင်သို့အဝင်နည်း


ယခုရက်ပိုင်းအတွင်း ပြည်ပသို့ ဆန်ကွဲများ တင်ပို့ရန် သင်္ဘောတင်ရှိသောကြောင့် ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင် ဈေးကွက်သို့ အဝင်နည်းလာကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း ( ဘုရင့်နောင်)မှ အတွင်းရေးမှူး ဦးသန်းဦး၏ ပြောဆိုချက်အရ သိရသည်။

 

ထိုသို့ ဆန်ကွဲအဝင် မကြာခဏပြတ်နေသော်လည်း ဈေးနှုန်းများစွာ မြင့်တက်ခြင်း မရှိဘဲ  ၂၃၄  အမျိုးအစား ဆန်ကွဲတစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၊ ၁၂ အမျိုးအစား ဆန်ကွဲတစ်အိတ်လျှင် ငွေကျပ် ၁၅၅၀၀၊   ဆန်ကွဲ အကြီးတစ်အိတ်လျှင် ငွေကျပ် ၁၆၅၀၀ အထိ ဈေးနှုန်းရှိသည်။

 

စားေသာက္ကုန္နဲ႕ပတ္သက္တဲ့ catagories မ်ားရွာရန္ဤေနရာကိုႏွိပ္ပါ။

 

အောက်တိုဘာလကုန်ပိုင်းက တစ်ရက်လျှင် ဆန်ကွဲအိတ်ရေ ငါးသောင်းဝန်းကျင်အထိ  ဝင်ရောက်ခဲ့သော်လည်း  လတ်တလောတွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့  တစ်ရက်လျှင် ဆန်ကွဲအိတ်ရေ နှစ်သောင်းဝန်းကျင်ခန့်သာ ဝင်ရောက်လျက်ရှိသည်။

 

““ဆန်ကွဲက   လက်ရှိ  မူဆယ်နယ်စပ်ကုန်သွယ်ရေး စခန်းဘက်ကို လုံးဝမသွားဘူး။ နိုင်ငံတကာဈေးကွက်လည်း ကောင်းပြီး အရောင်းအဝယ်လည်း ကောင်းတယ်။  

 

ပုံမှန်ရောင်းနေရတယ်။ ဝယ်လိုအားလည်း များနေတယ်ဆိုတော့    ဈေးသိပ်မတက်နိုင်ဘူး””ဟု ဦးသန်းဦး ကပြောသည်။

 

Read More >>>>>   ဘဂၤလားေဒ႕ရွ္မွ ၾကက္သြန္နီ အ၀ယ္နည္းလာေသာေၾကာင့္ ေစ်းႏႈန္းျပန္လည္ က်ဆင္း

 

ယခင်က မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ အဓိက တင်ပို့ခဲ့ပြီး လတ်တလောတွင် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရေး  နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

 

လတ်တလောတွင် ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် ဗြိတိန်နိုင်ငံတို့သို့ အများဆုံး တင်ပို့နေပြီး ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်(အောက်တိုဘာ ၁ ရက် မှ သြဂုတ် ၃၀ ရက်အထိ) က အမေရိကန်ဒေါ်လာ ၁၂၂ သန်းကျော် တန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၄၅၉၉၂၇ ဒသမ ၈၆၀ ကို နိုင်ငံပေါင်း ၄၁ နိုင်ငံသို့ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

Source: Myawaddy

 

 

ဆန္ကြဲြ ျပည္ပသို႕ သေဘၤာတင္ရိွေသာေၾကာင့္ ဘုရင့္ေနာင္ ကုန္စည္ဒိုင္သို႕အ၀င္နည္း

 

ယခုရက္ပိုင္းအတြင္း ျပည္ပသို႔ ဆန္ကြဲမ်ား တင္ပို႔ရန္ သေဘၤာတင္ရိွေသာေၾကာင့္ ရန္ကုန္ၿမိဳ႕ ဘုရင့္ေနာင္ကုန္စည္ဒိုင္ ေစ်းကြက္သို႔ အ၀င္နည္းလာေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါး ကုန္သည္မ်ားအသင္း ( ဘုရင့္ေနာင္)မွ အတြင္းေရးမွဴး ဦးသန္းဦး၏ ေျပာဆိုခ်က္အရ သိရသည္။

 

ထိုသို႔ ဆန္ကြဲအ၀င္ မၾကာခဏျပတ္ေနေသာ္လည္း ေစ်းႏႈန္းမ်ားစြာ ျမင့္တက္ျခင္း မရိွဘဲ  ၂၃၄  အမ်ဳိးအစား ဆန္ကြဲတစ္အိတ္လွ်င္ ေငြက်ပ္ ၁၄၅၀၀၊ ၁၂ အမ်ဳိးအစား ဆန္ကြဲတစ္အိတ္လွ်င္ ေငြက်ပ္ ၁၅၅၀၀၊   ဆန္ကြဲ အႀကီးတစ္အိတ္လွ်င္ ေငြက်ပ္ ၁၆၅၀၀ အထိ ေစ်းႏႈန္းရိွသည္။

 

စားေသာက္ကုန္နဲ႕ပတ္သက္တဲ့ catagories မ်ားရွာရန္ဤေနရာကိုႏွိပ္ပါ။

 

ေအာက္တိုဘာလကုန္ပိုင္းက တစ္ရက္လွ်င္ ဆန္ကြဲအိတ္ေရ ငါးေသာင္း၀န္းက်င္အထိ  ၀င္ေရာက္ခဲ့ေသာ္လည္း  လတ္တေလာတြင္ ဘုရင့္ေနာင္ကုန္စည္ဒိုင္သို႔  တစ္ရက္လွ်င္ ဆန္ကြဲအိတ္ေရ ႏွစ္ေသာင္း၀န္းက်င္ခန္႔သာ ၀င္ေရာက္လ်က္ရွိသည္။

 

““ဆန္ကြဲက   လက္ရိွ  မူဆယ္နယ္စပ္ကုန္သြယ္ေရး စခန္းဘက္ကို လုံး၀မသြားဘူး။ ႏိုင္ငံတကာေစ်းကြက္လည္း ေကာင္းၿပီး အေရာင္းအ၀ယ္လည္း ေကာင္းတယ္။  

 

ပုံမွန္ေရာင္းေနရတယ္။ ၀ယ္လိုအားလည္း မ်ားေနတယ္ဆိုေတာ့    ေစ်းသိပ္မတက္ႏိုင္ဘူး””ဟု ဦးသန္းဦး ကေျပာသည္။

 

Read More >>>>>   ဘဂၤလားေဒ႕ရွ္မွ ၾကက္သြန္နီ အ၀ယ္နည္းလာေသာေၾကာင့္ ေစ်းႏႈန္းျပန္လည္ က်ဆင္း

 

ယခင္က မူဆယ္နယ္စပ္ ကုန္သြယ္ေရးစခန္းမွ တစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ အဓိက တင္ပို႔ခဲ့ၿပီး လတ္တေလာတြင္ တ႐ုတ္ႏိုင္ငံသို႔ တရား၀င္တင္ပို႔ႏိုင္ေရး  ႏွစ္ႏိုင္ငံ နားလည္မႈစာခၽြန္လႊာ ေရးထိုးႏိုင္ရန္ ေဆာင္ရြက္လ်က္ရိွသည္။

 

လတ္တေလာတြင္ ဆန္ကြဲကို ဘယ္လ္ဂ်ီယံ၊ အင္ဒိုနီးရွား၊ တ႐ုတ္ႏွင့္ ၿဗိတိန္ႏိုင္ငံတို႔သို႔ အမ်ားဆုံး တင္ပို႔ေနၿပီး ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္(ေအာက္တိုဘာ ၁ ရက္ မွ ၾသဂုတ္ ၃၀ ရက္အထိ) က အေမရိကန္ေဒၚလာ ၁၂၂ သန္းေက်ာ္ တန္ဖိုးရိွ ဆန္ကြဲတန္ခ်ိန္ ၄၅၉၉၂၇ ဒသမ ၈၆၀ ကို ႏိုင္ငံေပါင္း ၄၁ ႏိုင္ငံသို႔ တင္ပို႔ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

 

Source: Myawaddy

Read times Last modified on Thursday, 06 February 2020 14:44
Rate this item
(0 votes)