Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လိုက်ချီးသီးများ ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ကရင်ပြည်နယ် သံတောင်မြို့နယ်ထွက် လိုက်ချီးသီးများ ဧပြီ တတိယပတ်မှ စတင်ကာ မြေပြန့်ဈေးကွက်သို့  စတင်ဝင်ရောက်လာပြီး ပေါ်ဦးစဖြစ်၍ တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ ဖြင့် ရောင်းချလျက် ရှိကြောင်း သိရပါတယ်။

 

''ခုချိန်က တောင်ပေါ်မှာလည်း အများကြီး မပေါ်သေးဘူး။ ဝယ်ရတာ ဈေးမြင့်တယ်။ ကျွန်တော်တို့ကျတော့ အောက်ကျင်းကနေ ဆိုင်ကယ်နဲ့တက်ပြီး ဝယ်ရတာဆိုတော့ ဆီဖိုး ကုန်ကျစရိတ်နဲ့ဆို တစ်ပိဿာကို  ငွေကျပ်  ၃ဝဝဝ လောက် ရောင်းချမှ  တွက်ခြေကိုက်တယ်''ဟု တောင်ပေါ်ဒေသအထိ  လိုက်ချီးသီးများ သွားရောက်ဝယ်ယူသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

 

ယခုပေါ်စ  လိုက်ချီးသီးများသည်  အချိုဓာတ်နည်းကာ အချဉ်ဘက်ကို ပိုများသည့်အတွက် စားသုံးသူများ အနေဖြင့် ဝယ်ယူမှုနည်းကာ မိုးရွာပြီး အချိုဓာတ် များချိန်တွင် ပိုမိုဝယ်ယူ စားသုံးကြသည်ကို တွေ့ရသည်။ လာမည့်မေလလယ်တွင် တောင်ပေါ်ဒေသများ၌ လိုက်ချီးအထွက်နှုန်း ဖြိုင်လေ့ရှိပြီး ဝယ်လိုအားထက် ရောင်းလိုအားများကာ ဈေးနှုန်း ကျဆင်းလေ့ရှိ၍ တစ်ဆင့်ဝယ်ယူ ရောင်းချသူများအနေဖြင့် အဆိုပါအချိန်ကို စောင့်ဆိုင်းမှု များလည်း ရှိပါတယ်။

 

Read More >>>>>  ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော်ကို မေလတွင် ကျင်းပရန်စီစဉ်နေ

''အခုထွက်တဲ့ အသီးတွေက အချဉ်ဘက်များတော့ သိပ်မစားကြသေးဘူး။ ဈေးကလည်း မြင့်တယ်။ ဝယ်တဲ့သူတွေကလည်း လက်ဆောင်ပေးဖို့လောက်ပဲ ဝယ်ကြတာ များတယ်''ဟု ရေတာရှည်မြို့ရှိ အသီးအနှံများ ရောင်းချသူ တစ်ဦးက ပြောကြားခဲ့ပါတယ်။

 

တောင်ပေါ်ဒေသထွက် သီးနှံများဖြစ်သော ဒူးရင်း၊  မင်းကွတ်၊ နာနတ် အစရှိသော စားကုန်သီးနှံများသည်  မိုးရာသီတွင် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည့် အတွက်  သီးနှံ စိုက်ပျိုးသူတို့အတွက်  အလွန်ပင် ဝင်ငွေကောင်းမွန် အဆင်ပြေလျက်ရှိကြောင်း  သိရပါတယ်။

 

Ref: Myawaddy

Read times Last modified on Tuesday, 30 April 2019 10:15
Rate this item
(1 Vote)