Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော်ကို မေလတွင် ကျင်းပရန်စီစဉ်နေ

ပြည်ပဈေးကွက်သစ်များ ရရှိရန်နှင့် GAP စိုက်ပျိုးနည်းစနစ်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ပဉ္စမအကြိမ်မြောက် မြန်မာ့သရက်သီးပွဲတော် (၂၀၁၉) ကို မန္တလေးမြို့ တွင် မေလကျင်းပရန် စီစဉ်ထားကြောင်း

မန္တလေးတိုင်းဒေသကြီး သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၏ ပြောဆိုချက်အရ သိရပါတယ်။

 

အဆိုပါ မြန်မာ့သရက်သီးပွဲတော်ကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ သရက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့  (မန္တလေးတိုင်းဒေသကြီး) တို့မှ ကြီးမှူး၍ မေလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့ နယ် ၅၃ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ Hotel Hazel တွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>> ရာသီဥတုပူပြင်းသောကြောင့် ငွေနှင်းမှို အထွက်နှုန်း နည်းပါး

 

ယင်းပွဲတော်တွင် သရက်သီးအစားပြိုင်ပွဲ (အချို အချဉ်) အခွံနွှာပြိုင်ပွဲ၊ ဂျစ်တွန်းပြိုင်ပွဲနှင့် ဆားဖတ်ခြောက်ခုတ်ပြိုင်ပွဲများပါဝင်မည်ဖြစ်ပြီး မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သိရပါတယ်။

 

ထို့ပြင် သရက်သီးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင် သရက်သီးအမျိုးအစားများမှာ စိန်တစ်လုံး၊ မြကျောက်၊ ပတ္တမြားငမောက်၊ ရွှေဟင်္သာ၊ ရင်ကွဲနှင့် တခြားသော ပြည်တွင်းပြည်ပ သရက်သီးများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ပထမဆု ငွေကျပ် နှစ်သိန်း၊ ဒုတိယဆု ငွေကျပ် တစ်သိန်းခွဲ၊ တတိယဆု ငွေကျပ် တစ်သိန်း၊ နှစ်သိမ့်ဆု ငွေကျပ် ငါးသောင်း ပေးအပ်မည်ဖြစ်ကာ ပြိုင်ပွဲဝင် သရက်သီးများကို မေလ ၁၀ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ပြပွဲကျင်းပရာနေရာသို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Monday, 29 April 2019 17:11
Rate this item
(1 Vote)