Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်သို့ ကြက်သွန်နီ အဝင်နည်းပြီး ရခိုင်ပြည်နယ်သို့ တင်ပို့မှုများနေ

Unicode

 


ရန်ကုန်သို့ ကြက်သွန်နီ အဝင်နည်းပြီး ရခိုင်ပြည်နယ်သို့ တင်ပို့မှုများနေ


ပြည်ပသို့ ကြက်သွန်နီအနည်းငယ်သာ တင်ပို့နေရပြီး ရန်ကုန်မြို့သို့  ကြက်သွန်နီအဝင်နည်းကာ ရခိုင်ပြည်နယ်သို့  တင်ပို့မှုများနေကြောင်း  မြန်မာနိုင်ငံ ကြက်သွန်နီ၊  ကြက်သွန်ဖြူ   စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးခင်ဟန်၏ ပြောကြားချက်အရ သိရသည်။


လတ်တလောတွင်   ကြက်သွန်နီကို ပြည်ပဝယ်လိုအား နည်းနေသဖြင့် စက်တင်ဘာ  ၁၅  ရက်က တစ်ပိဿာလျှင် ငွေကျပ် ၇၅  ကျပ်ဈေးနှုန်းကျဆင်းသော် လည်း စက်တင်ဘာ ၁၆ ရက်တွင် ကြက်သွန်နီ အဝင်နည်းသည့်အတွက် တစ်ပိဿာလျှင် ငွေကျပ်၂၅  ကျပ် ပြန်လည်မြင့်တက်လာသည်။   

 

Confectionary မုုန္႔မ်ိဳးစံုလုပ္ငန္းေပါင္း ၄၆ ခုရွာရန္ႏွိပ္ပါ။


''အရောင်းအဝယ်သဘောအရ  ဈေးအတက်အကျဖြစ်တာပါ။ ဒီရက်ပိုင်းမှာ ရခိုင်ပြည်နယ်ဘက်ကို   တင်ပို့မှုများနေ တယ်။ ပြည်ပကိုတော့ တင်ပို့နိုင်မှုနည်းနေ တယ်''ဟု ဦးခင်ဟန်ကပြောသည်။


ထို့ပြင် ဘုရင့်နောင်ဈေးကွက်မှ ရန်ကုန် တိုင်းဒေသကြီးအပြင်    မြစ်ဝကျွန်းပေါ်ဒေသ၊  မြိတ်၊ ထားဝယ်၊ ဘားအံ စသည့် ဒေသတို့သို့   တင်ပို့လေ့ရှိကြောင်း  သိရသည်။


''အရောင်းအဝယ်က ပုံမှန်လောက်ပဲ ဖြစ်နေတယ်။ ဝင်တာကတော့  နယ်စုံကဝင်နေတယ်''ဟု ဘုရင့်နောင်ဈေးကွက်ရှိ အောင်ရတနာပွဲရုံမှ မန်နေဂျာ ဦးလှမောင်ကပြောသည်။  

 

Read More >>>>>   ပြင့္လင္းရာသီတြင္ ငါးေျခာက္ေစ်းႏႈန္း က်ဆင္းႏုိင္
           

လတ်တလောတွင်   ဘုရင့်နောင်ဈေး ကွက်သို့  ဆိပ်ဖြူ၊  မြင်းခြံ၊  ပခုက္ကူ၊ မုံရွာ၊ တောင်တွင်းကြီး၊ မင်းဘူး၊ မိတ္ထီလာ စသည့် ဒေသတို့မှ  ကြက်သွန်နီများ  ဝင်ရောက် လျက်ရှိသည်။ စက်တင်ဘာ ၁၆ ရက်က ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နယ်စုံမှ ကြက်သွန်နီကားအစီးရေ ၂၅ စီး ဝင်ရောက်ပြီး ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၅ဝဝ မှ ၉ဝဝ အထိရှိကြောင်း သိရသည်။


Source: Myawady

 

 

 

 

ရန္ကုန္သို႔ ၾကက္သြန္နီ အဝင္နည္းၿပီး ရခုိင္ျပည္နယ္သုိ႔ တင္ပို႔မႈမ်ားေန

 

ျပည္ပသို႔ ၾကက္သြန္နီအနည္းငယ္သာ တင္ပို႔ေနရၿပီး ရန္ကုန္ၿမိဳ႕သို႔  ၾကက္သြန္နီအဝင္နည္းကာ ရခိုင္ျပည္နယ္သို႔  တင္ပို႔မႈမ်ားေနေၾကာင္း  ျမန္မာႏိုင္ငံ ၾကက္သြန္နီ၊  ၾကက္သြန္ျဖဴ   စားဖိုေဆာင္သီးႏွံမ်ား စိုက္ပ်ဳိးထုတ္လုပ္တင္ပို႔ ေရာင္းခ်သူမ်ားအသင္းဥကၠ႒ ဦးခင္ဟန္၏ ေျပာၾကားခ်က္အရ သိရသည္။


လတ္တေလာတြင္   ၾကက္သြန္နီကို ျပည္ပဝယ္လိုအား နည္းေနသျဖင့္ စက္တင္ဘာ  ၁၅  ရက္က တစ္ပိႆာလွ်င္ ေငြက်ပ္ ၇၅  က်ပ္ေစ်းႏႈန္းက်ဆင္းေသာ္ လည္း စက္တင္ဘာ ၁၆ ရက္တြင္ ၾကက္သြန္နီ အဝင္နည္းသည့္အတြက္ တစ္ပိႆာလွ်င္ ေငြက်ပ္၂၅  က်ပ္ ျပန္လည္ျမင့္တက္လာသည္။   

 

Confectionary မုုန္႔မ်ိဳးစံုလုပ္ငန္းေပါင္း ၄၆ ခုရွာရန္ႏွိပ္ပါ။


''အေရာင္းအဝယ္သေဘာအရ  ေစ်းအတက္အက်ျဖစ္တာပါ။ ဒီရက္ပိုင္းမွာ ရခုိင္ျပည္နယ္ဘက္ကုိ   တင္ပို႔မႈမ်ားေန တယ္။ ျပည္ပကုိေတာ့ တင္ပုိ႔ႏုိင္မႈနည္းေန တယ္''ဟု ဦးခင္ဟန္ကေျပာသည္။


ထို႔ျပင္ ဘုရင့္ေနာင္ေစ်းကြက္မွ ရန္ကုန္ တိုင္းေဒသႀကီးအျပင္    ျမစ္ဝကြၽန္းေပၚေဒသ၊  ၿမိတ္၊ ထားဝယ္၊ ဘားအံ စသည့္ ေဒသတို႔သို႔   တင္ပို႔ေလ့ရိွေၾကာင္း  သိရသည္။


''အေရာင္းအဝယ္က ပုံမွန္ေလာက္ပဲ ျဖစ္ေနတယ္။ ဝင္တာကေတာ့  နယ္စုံကဝင္ေနတယ္''ဟု ဘုရင့္ေနာင္ေစ်းကြက္ရိွ ေအာင္ရတနာပြဲ႐ုံမွ မန္ေနဂ်ာ ဦးလွေမာင္ကေျပာသည္။  

 

Read More >>>>>   ပြင့္လင္းရာသီတြင္ ငါးေျခာက္ေစ်းႏႈန္း က်ဆင္းႏုိင္
           

လတ္တေလာတြင္   ဘုရင့္ေနာင္ေစ်း ကြက္သို႔  ဆိပ္ျဖဴ၊  ျမင္းၿခံ၊  ပခုကၠဴ၊ မုံရြာ၊ ေတာင္တြင္းႀကီး၊ မင္းဘူး၊ မိတၴီလာ စသည့္ ေဒသတုိ႔မွ  ၾကက္သြန္နီမ်ား  ဝင္ေရာက္ လ်က္ရိွသည္။ စက္တင္ဘာ ၁၆ ရက္က ဘုရင့္ေနာင္ကုန္စည္ဒိုင္သို႔ နယ္စုံမွ ၾကက္သြန္နီကားအစီးေရ ၂၅ စီး ဝင္ေရာက္ၿပီး ၾကက္သြန္နီတစ္ပိႆာလွ်င္ ေငြက်ပ္ ၅ဝဝ မွ ၉ဝဝ အထိရိွေၾကာင္း သိရသည္။


Source: Myawady

Read times Last modified on Tuesday, 18 February 2020 17:28
Rate this item
(0 votes)