Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပဲတင်သွင်းမှု ကန့်သတ်ခံရပြီး တစ်နှစ်ကျော်အတွင်း မတ်ပဲဈေး အမြင့်ဆုံးသို့ ပြန်ရောက်လာ

အိန္ဒိယနိုင်ငံမှ ပဲတင် သွင်းမှု ကန့်သတ်ပြီးနောက် တစ် နှစ်ကျော်အတွင်း ပြည်တွင်းဈေး ကွက်တွင် မတ်ပဲဈေးနှုန်းက အ မြင့်ဆုံး တစ်တန်လျှင် ကျပ်ခုနစ်သိန်းခန့် မြင့်တက်လာသည်။

အိန္ဒိယမှ ဝယ်လိုအား မြင့် တက်လာခြင်းကြောင့် ပြည်တွင်း ဈေးကွက်တွင် မတ်ပဲဈေးသည်ယခုတစ်ပတ်အတွင်း တစ်တန် လျှင် ကျပ်တစ်သိန်းခန့် ဈေးမြင့် တက်လာကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။ ပြီးခဲ့သည့်တစ်ပတ်က ပြည် တွင်းဈေးကွက်တွင် မတ်ပဲတစ် တန်လျှင် ကျပ်ငါးသိန်းကိုးသောင်းခန့်ဖြင့် ဈေးပိတ်ခဲ့သော်လည်း အောက်တိုဘာ ၂၆ ရက်တွင် ကျပ်ခြောက်သိန်းကိုးသောင်းသို့ မြင့်တက်လာသည်။

 

ထိုကဲ့သို့ ဈေးနှုန်းမြင့်တက် ခြင်းက အိန္ဒိယနိုင်ငံ၌ စက်တင် ဘာ၊ အောက်တိုဘာလများတွင် အသစ်ပေါ်သည့် မိုးရာသီစိုက်ပျိုး သော မတ်ပဲအထွက် နည်းခြင်း ကြောင့်ဟု ဦးမင်းကိုဦးက ပြော သည်။‘‘သူတို့ဘက်မှာ လိုအပ်ချက် ရှိနေတော့ ဈေးနှုန်းကိုမြှင့်ပြီး ဝယ် လာတဲ့သဘောပါ’’ဟု ဦးမင်းကိုဦးက ပြောသည်။

 

မြန်မာနိုင်ငံတွင် စပါးပြီးလျှင် စိုက်ဧက ပမာဏအများဆုံး စိုက်ပျိုးသည့် သီးနှံမှာ မတ်ပဲဖြစ်ပြီး ၂၀၁၇ဩဂုတ်တွင် အိန္ဒိယအစိုးရ၏ တင်သွင်းမှု ကန့်သတ်ချက်ကြောင့် ပြည်တွင်း ဈေးကွက်တွင် တစ်တန်လျှင် ကျပ်ခြောက်သိန်းအောက်သာ ဈေးရှိခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။

 

အိန္ဒိယက ၂၀၁၈ တွင် ဇွန်လမှ ဩဂုတ်အတွင်း တန်ချိန် တစ်သိန်းခွဲ၊ စက်တင်ဘာနှင့် အောက်တိုဘာ၌ တန်ချိန်တစ်သိန်းကျော်ကို မြန်မာနိုင်ငံမှ ဝယ်ယူခဲ့သည်။

 

လက်ရှိတွင် အိန္ဒိယကုန် သည်များက မြန်မာနိုင်ငံမှ မတ်ပဲ ကို တစ်ပတ်လျှင် တန်ချိန်တစ် သောင်းကျော် ဝယ်ယူနေကြောင်း ပြည်ပသို့ ပဲတင်ပို့နေသည့် လုပ် ငန်းရှင်အချို့က ပြောသည်။

 

အိန္ဒိယဝယ်လိုအားကြောင့် မတ်ပဲဈေး မြင့်တက်လာသော် လည်း ပဲစင်းငုံမှာ တစ်တန်လျှင် ကျပ်လေးသောင်းခန့် ဈေးမြင့် တက်ပြီး အောက်တိုဘာ ၂၆ ရက် တွင် တစ်တန်လျှင် ကျပ်ငါးသိန်း လေးသောင်းခန့် ဈေးရှိသည်။


လက်ရှိ မတ်ပဲတစ်တင်း၏ ဈေးနှုန်းက ကျပ် ၂၄,၀၀၀ ခန့် ရှိနေပြီး မျိုးပဲအနေဖြင့် တောင်သူ များ ဝယ်ယူနေကြောင်း ၎င်းက ပြောသည်။

 

Read More >>>>>  GSP ဆက်ထားပါက မြန်မာ့ဆန်ဈေးကွက် တိုးမြင့်လာနိုင်ဟုဆို


Source: 7 days new

Read 1026 times Last modified on Monday, 29 October 2018 10:07
Rate this item
(2 votes)