Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပါကစ္စတန်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှု ဇူလိုင်လအတွင်း ၁၀ ရာခိုင်နှုန်းနီးပါး တိုးလာ

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမငါးလတွင် ပါကစ္စတန်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ

၂၇၇.၅၆ သန်းကျော်ရှိခဲ့ကာ ယခင်နှစ်ကထ် ၉.၇၃ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း၊ ပါကစ္စတန်သည် တရုတ်နိုင်ငံသို့ ဆန်ကွဲတင်သွင်းသည့်နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေကြောင်း တရုတ်အကောက်ခွန် စီမံခန့်ခွဲရေး (GACC) ၏ တရားဝင်အချက် အလက်များအရ သိရသည်။

 

 Phyo Eain Si

 

လက်ရှိတွင် ဆန်ကွဲအထူးသဖြင့် IRRI-6၊ IRRI-9 အမျိုးအစားနှင့် တစ်စိတ်တစ်ပိုင်း သို့မဟုတ် ရာနှုန်းပြည့်ကြိတ်ခွဲပြီး ဆန်များကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့သည့်နေပြီး ဘာစမာတီနှင့် အခြား ထိပ်တန်းဆန်မျိုးများကို တရုတ်ဈေးကွက်သို့ မြှင့်တင်၍ တင်ပို့နိုင်ရန် ကြိုးစားရဦးမည်ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်နိုင်ငံက ပါကစ္စတန်မှ အမေရိကန်ဒေါ်လာ ၄၃၇ သန်းတန်ဖိုးရှိ ဆန်တန် ချိန် ၉၇၃,၀၀၀ ကို တင်သွင်းခဲ့ကြောင်း၊ ပါကစ္စတန်မှ ဆန်တင်ပို့သူအသစ် ၇ ဦးကို တရုတ် အကောက်ခွန်အတည်ပြုစာရင်းတွင် ထည့်သွင်းခဲ့ပြီး ဆန်တင်ပို့ခွင့်ရှိသူ ၅၃ ဦးအထိ တိုးလာခဲ့ ကြောင်း၊ တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံက ဆန်တင်ပို့ရာတွင် အထောက်အကူဖြစ်စေရန် ပါကစ္စတန်ဆန်အပေါ် တင်သွင်းခွင့်ကန့်သတ်ချက်များကို ဖြေလျှော့ပေးလိုက်ကြောင်း၊ လာမည့်နှစ် အနည်းငယ်အတွင်း ပါကစ္စတန်နိုင်ငံက တရုတ်၏ အကြီးဆုံးဆန်တင်သွင်းသူဖြစ်လာမည်ဟု ယုံကြည်ချက်ရှိကြောင်း ပေကျင်းမြို့ရှိ ပါကစ္စတန်သံရုံးမှ စီးပွားရေးသံမှူး Badar uz Zaman က ပြောသည်။

 

 

နှစ်အနည်းငယ်အတွင်း ပါကစ္စတန်သည် တရုတ်နိုင်ငံသို့ ဆန်အများဆုံးတင်ပို့သူဖြစ်လာမည် ဟုယုံကြည်ကြောင်း CEN က ဖော်ပြသည်။ ယခုနှစ် ပထမငါးလအတွင်း ကုန်စည်ကုဒ် (၁၀၀၆၄၀၈၀) ဆန်ကွဲခေါင်းစဉ်အောက်၌ တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၂ သန်းခန့် တင်ပို့ခဲ့ကာ ယခင်နှစ် နှင့် နှိုင်းယှဉ်ပါက ၈၆၅.၂၆ ရာခိုင်နှုန်း တိုးလာခဲ့ပြီး၊ ကုန်စည်ကုဒ် (10063020) တစ်ဝက်တစ်ပျက် သို့မဟုတ် အပြည့်အဝ ကြိတ်ခွဲထားသည့်ဆန် ခေါင်းစဉ်အောက်၌ အမေရိကန်ဒေါ်လာ ၁၃၂ သန်းဖိုး တင်ပို့ထားပြီး ဖြစ်ကြောင်း သိရပါသည်။

 

 

ပါကစ္စတန်သည် တရုတ်ဈေးကွက်အတွင်း ပါကစ္စတန်ဆန်အကြောင်း အသိပညာပေးနိုင်ရန်အတွက် သမားရိုးကျနှင့် အထူးသဖြင့် လူမှုမီဒီယာပလက်ဖောင်းများကို အသုံးပြုနေကြောင်း စီးပွားရေးသံမှူးမှ ပြောကြားခဲ့သည်။

 

#MyanmarFoodIndustryGuide
Source: nation.com.pk

Read times Last modified on Tuesday, 20 September 2022 16:05
Rate this item
(0 votes)