Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အီးယူကို မွေးမြူရေးငါးများ လက်ရှိအချိန်အထိ တင်ပို့နိုင်ခြင်းမရှိသေး

မြန်မာ့မွေးမြူရေးငါး၊ ပုစွန်များကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဆီ မေလ (၁) ရက်နေ့မှ စတင်ကာ တင်ပို့ခွင့်ရရှိထားပေမယ့်လည်း လက်ရှိအချိန်ထိ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း ငါးလုပ်ငန်းဦးစီးဌာန ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေးဌာနစုမှ သိရပါတယ်။

 

လက်ရှိ EU ကို မွေးမြူရေးငါးတင်ပို့ခွင့်ရရှိတဲ့ စက်ရုံ (၇) ရုံနဲ့ မွေးမြူရေးငါးကန် (၂၇) ကန်ကို စစ်ဆေးမှုများပြုလုပ်ကာ ၎င်းစက်ရုံများနဲ့ မွေးမြူရေးကန်များရဲ့ အချက်အလက်များကို သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနများဆီ ပေးပို့ထားပြီးဖြစ်ကြောင်း သိရပါတယ်။

 

"ဒီကာလက ငါးမဖမ်းရရာသီဖြစ်တဲ့အတွက် ဒါတွေကို ဦးစားပေးပြီးတော့ မသွားသင့်ဘူးလား။ ကျွန်တော်တို့ တစ်လကျော်သွားပြီ။ မေလ (၁) ရက်ကနေစပြီးတော့ အခုထိ တင်ပို့တာမရှိဘူး။ ရုံးချုပ်က ကျွန်တော့်ကိုမေးရင် ပြောစရာမရှိဘူး ဖြစ်နေတယ်။ မွေးငါးရဲ့ Data တင်ဆိုရင် ကျွန်တော်မှာ တင်စရာမရှိဘူး။" လို့ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်ပပို့ကုန် အရည်အသွေးစစ်ဆေးရေးဌာနစု တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောပါတယ်။

 

မြန်မာမွေးမြူရေးငါး၊ ပုစွန်များ EU ကို တင်ပို့ခွင့်ရရှိဖို့အတွက် ၂၀၁၄ ခုနှစ်ကစတင်ပြီး ကြိုးစားခဲ့ခြင်းဖြစ်ကာ လက်ရှိ ငါးမဖမ်းရရာသီမှာ အီးယူကို မွေးမြူရေးငါးများသာ တင်ပို့သင့်ကြောင်း သိရပါတယ်။

 

မြန်မာရေထွက်ကုန်များ အီးယူသို့ တင်ပို့နေမှုကို ၁၉၉၇ ခုနှစ်မှစတင်ကာ GSP တိုးမြှင့်လိုက်တဲ့အတွက် တင်ပို့ခွင့်မရရှိဘဲ ၂၀၁၀ ခုနှစ်ကစတင်ကာ သဘာဝနဲ့ ပင်လယ်မှ ဖမ်းဆီးရရှိတဲ့ ငါးများကို ပြန်လည်တင်ပို့ခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး မွေးမြူရေးငါးများကို ၂၀၁၉ ခုနှစ် မေလ (၁) ရက်မှစတင်ပြီး ထပ်မံတင်ပို့ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

 
Read More >>>>>    အမေရိကန်မှာ လူကြိုက်အများဆုံး fast-food chain အဖြစ် Chick-fil-A ရပ်တည်


သဘာဝမှရရှိတဲ့ မွေးမြူရေးငါး၊ ပုစွန်များကို ၂၀၁၇ ခုနှစ်တည်းကပင် အီးယူနိုင်ငံပေါင်း (၂၈) နိုင်ငံအနက် (၁၀) နိုင်ငံကို တင်ပို့ခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ငါးအများဆုံးတင်ပို့ခဲ့ရာ တန်ချိန်အားဖြင့် (၁၀၀၀၀) ကျော်နဲ့ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း (၂၀) ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

 

အီးယူကို တင်ပို့ခွင့်ရရှိမယ့် မွေးမြူရေးငါးများမှာ ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်းဖြူ ၊ ရွှေဝါ၊ ငါးတန်၊ ငါးခုံးမကြီး၊ တီလားဘီးယား၊ ပုစွန်ဖြူ ၊ ပုစွန်ကြား၊ ဂဏာန်းပျော့တို့ဖြစ်ပြီး ၎င်းမွေးမြူရေးငါးများကို UK၊ အီတလီ၊ ပြင်သစ်၊ နယ်သာလန်၊ ဆိုက်ပရပ်စ်၊ ဆွီဒင်၊ ဂရိ၊ ဘယ်ဂျီယံ၊ ဂျာမနီ အစရှိတဲ့ နိုင်ငံများကို တင်ပို့သွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: Green Way

Read times Last modified on Friday, 28 June 2019 15:05
Rate this item
(0 votes)