Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငါးပုစွန်အစာကုန်ကြမ်းဈေး သင်္ကြန်မတိုင်မီအထိ ဈေးနှုန်းမြင့်တက်နိုင်

ပြည်တွင်းရှိ ငါး၊ ပုစွန်အစာကုန်ကြမ်းဈေးမှာ ယခုနှစ် သင်္ကြန်မတိုင်မီအထိ ဈေးနှုန်းမြင့်တက်နေနိုင်ကြောင်း

မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ ဒေါက်တာသက်မှူးထံမှ သိရပါတယ်။

 

တိရစ္ဆာန်အစာကုန်ကြမ်းဈေးနှုန်းများမှာ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ဈေးနှုန်းကျဆင်းခြင်းမရှိသေးကြောင်း၊ အထူးသဖြင့် အစာအဖြစ် အသုံးများသည့် ဖွဲနုသည် တစ်ပေါင်လျှင် ငွေကျပ် ၉၀ ခန့်ရှိပြီး ပဲဖတ်နှင့် နှမ်းဖတ်မှာ တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၅ ကျပ်အထိ ဈေးတက်နေ ကြောင်း သိရပါတယ်။

 

“အရင်နှစ်က ဒီအချိန်မှာ ပြောင်းဈေးနှုန်းက တစ်ပိဿာကို ငွေကျပ် ၃၅၀၊ ၃၇၀ ပဲရှိပြီး ဒီနှစ်ပြောင်းက တစ်ပိဿာကို ငွေကျပ် ၆၀၀ အောက်မရောက်ကြောင်း သိရပါတယ်။

 

နယ်မြို့ဈေးတွေက ငွေကျပ် ၅၀၀ အထက်ပဲရှိပြီး အရင်နှစ်ကထက် တက်သွားကြောင်း ငါးစာက သိပ်မထူးပေမယ့် ကြက်စာနဲ့ ၀က်စာက Base နှစ်မျိုးပဲရှိကြောင်း၊ ပြောင်းဈေးကြီးရင် ဆန်ကွဲထည့်ပြီး ဒီနှစ်က ဆန်ကွဲဈေးလည်း မကျ၊ ပြောင်းဈေးကလည်း တက်နေကြောင်း” ကို မြန်မာနိုင်ငံ ငါး၊ ပုစွန်အစာ ထုတ်လုပ်ရောင်းဝယ်သူများအသင်းဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရပါတယ်။

 

ကြက်နှင့် ၀က်တို့၏ အစာဖြစ်သော ပြောင်းဈေးနှုန်းကြီးပါက ပြောင်းအစား ဆန်ကွဲကို ကျွေးကြသော်လည်း ယခုနှစ်တွင် ပြောင်းဈေးတက်နေရုံသာမက ဆန်ကွဲဈေးပါတက်နေကြောင်း၊ ငါးစာအဖြစ် ဖွဲနုကို အားထားနေ ရပြီး ပဲပုပ်ဖတ်ကိုလည်း ကျွေးရကြောင်း၊ ငါး၊ ပုစွန်အစာမှာ ကြက်စာ၊ ၀က်စာကဲ့သို့ ဈေးမတက်ကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:20
Rate this item
(1 Vote)