Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယမှ ပဲစင်းငုံတင်သွင်းခွင့် ထပ်တိုးကိုတာ သတ်မှတ်ချက်ထုတ်ပြန်

အိန္ဒိယနိုင်ငံမှာ ၂၀၁၉ ခုနှစ်အတွင်း ပဲစင်းငုံတင်သွင်းခွင့် ကိုတာသတ်မှတ်ချက်ကို မူလက တန်ချိန်နှစ်သိန်း သတ်မှတ်ထားရာမှ နောက်ထပ် တန်ချိန်နှစ်သိန်း တိုးမြှင့်ဝယ်ယူရန် စီစဉ်လျက်ရှိကြောင်း ဇွန်လ (၁၁) ရက်နေ့က စားသုံးသူရေးရာ၊ စားသောက်ကုန်နှင့် ပြည်သူ့ဖြန့်ဖြူးရေးရာဝန်ကြီး Mr. Ram Vilas Paswan က ပြောကြားခဲ့ပါတယ်။

 

အခုအခါမှာတော့ အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရဲ့ ၂၀၁၉ ခုနှစ် ဇူလိုင် (၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် S.O. No.2322(E) အရ ပဲစင်းငုံတင်သွင်းခွင့် ကိုတာသတ်မှတ်ချက်ကို စုစုပေါင်းတန်ချိန် လေးသိန်းအထိ တိုးမြှင့်တင်သွင်းခွင့်ပြုလိုက်ကြောင်း ပြည်ပကုန်သွယ်မှု ညွှန်ကြားရေးဦးစီးဌာန (DGFT) က ဇူလိုင် (၅) ရက်မှာ ကုန်သွယ်မှုနှိုးဆော် အသိပေးချက်ထုတ်ပြန်ကာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

 

အဆိုပါ အမိန့်ကြော်ငြာစာမှာ အိန္ဒိယနိုင်ငံရဲ့ ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်က စတင်ပြီး ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားတဲ့ ပဲစင်းငုံကို ပြည်ပကုန်သွယ်မှု ညွှန်ကြားရေးဦးစီးဌာနက သတ်မှတ်တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ကိုတာတန်ချိန် လေးသိန်းအထိ ကန့်သတ်တင်သွင်းခွင့်ပြုလိုက်ကြောင်း ဖော်ပြထားပါတယ်။


Read More >>>>>  သံဖြူဇရပ်မြို့ နယ်တွင် တန်ချိန်တစ်သောင်းကျော်ထုတ်လုပ်နိုင်မည့် ဆားစက်ရုံတည်ထောင်ရန်စီစဉ်


ဒါ့အပြင် အခုကန့်သတ်ချက်ဟာ အိန္ဒိယအစိုးရရဲ့ နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုးထားရှိတဲ့ နားလည်မှုစာချွန်လွှာ (MoU) များနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း၊ ကြော်ငြာစာအနေနဲ့ နိုင်ငံတော်ပြန်တမ်းမှာ ထုတ်ပြန် ပါရှိတဲ့နေ့ရက်ကစပြီး သက်ရောက်မှုရှိမှာဖြစ်ကြောင်း ဖော်ပြပါရှိပါတယ်။

 

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပဲစင်းငုံတင်သွင်းခွင့်နဲ့ စပ်လျဉ်းပြီး မူလသတ်မှတ်ထားတဲ့ တန်ချိန်နှစ်သိန်းအတွက် အပြီးသတ် ကိုတာခွဲဝေမှုကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ကျန်ရှိတဲ့ ထပ်တိုးတန်ချိန်နှစ်သိန်းအတွက် ပြည်တွင်းရှိ သွင်းကုန်လုပ်ငန်းရှင်များအနေနဲ့ ၂၀၁၉ ခုနှစ် ဇူလိုင် (၆) ရက်မှ (၁၅) ရက်အတွင်း အွန်လိုင်းမှ ကိုတာလျှောက်လွှာများ တင်သွင်းရန် DGFT မှ ကုန်သွယ်ရေး အသိပေးချက် ထုတ်ပြန်ထားပါတယ်။

 

ထပ်တိုး ပဲစင်းငုံ ကိုတာတန်ချိန်နှစ်သိန်း တင်သွင်းခွင့်ရရှိတဲ့ ကုမ္ပဏီများအနေနဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာ (၃၁) ရက်နေ့နောက်ဆုံးထားပြီး အိန္ဒိယနိုင်ငံ ဆိပ်ကမ်းအရောက် တင်သွင်းရမှာဖြစ်ကြောင်း သိရပါတယ်။

 

Source: Ministry of Commerce

Read times
Rate this item
(1 Vote)