Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဒီနှစ် ငါးမဖမ်းရရာသီတွင် ကမ်းဝေးငါးဖမ်းရေယာဉ်များအား ဖမ်းဆီးခွင့်သုံးလပိတ်မည်ဖြစ်ကြောင်း

ဒီနှစ် ငါးမဖမ်းရရာသီတွင် ကမ်းဝေးငါးဖမ်းရေယာဉ်များအား ဖမ်းဆီးခွင့်သုံးလပိတ်မည်ဖြစ်ကြောင်း google.com

မြန်မာ့ပင်လယ်ပြင်တွင် ငါးမျိုးမပြုန်းတီးစေရေးအတွက် ဒီနှစ် ငါးမဖမ်းရရာသီတွင်

ကမ်းဝေးငါးဖမ်းရေယာဉ် များကို ငါးဖမ်းဆီးခွင့် သုံးလပိတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်ထံ မှသိရပါတယ်။

 

မြန်မာ့ပင်လယ်ပြင်မှ ငါးများ ရေရှည် စားသုံးနိုင်ရေး၊ ငါးများ မျိုးပွားနှုန်းမြင့်မားလာစေရေး ရည်ရွယ်ချက်များဖြင့် ၂၀၁၈ ခုနှစ် အတွက် ငါးမဖမ်းရရာသီကို မေလ ၁၅ ရက်မှ သြဂုတ်လ ၁၅ ရက်အထိ သတ်မှတ်ထားကြောင်း သိရပါတယ်။

 

ယင်းသို့ ငါးမဖမ်းရဧရိယာ သတ်မှတ်ထားခဲ့သော်လည်း မြန်မာ့ပင်လယ်ပြင်တွင် တရားမ၀င် ငါးဖဖမ်းဆီးမှုများနှင့် အဆင့်မြင့်နည်းပညာရပ်များဖြင့် ငါးဖမ်းဆီမှုတို့က မြန်မာ့ပင်လယ်ပြင်၏ ငါးသယံဇာတ တည်ရှိနေမှုနှင့် မျိုးပွားနိုင်မှုတို့ကို ပြည်ပနိုင်ငံမှ ပညာရှင်များဖြင့် သုတေသနအကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ကမ်းနီး ကမ်းဝေး ငါးဖမ်းဆီးသူများသည် အဆင့်မြင့်နည်းပညာများဖြင့် ဖမ်းဆီးခြင်း၊ ပိုက်ကွက်များစိပ်၍ ငါးအသေးရော အကြီးပါမကျန် ဖမ်းဆီးနေခြင်းတို့ကြောင့် ငါးသယံဇာတများ ရှားပါးခြင်းနှင့် မျိုးပွားနှုန်းလည်း ကျဆင်းလျက်ရှိကြောင်းသိရပါတယ်။

 

ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရကာလသတ်မှတ်ထားသည့်အပြင် နိုင်ငံတစ်ဝန်းရှိ ကမ်းဝေးငါးဖမ်းရေယာဉ်များ အားလုံး မြန်မာ့ပင်လယ်ပြင်သို့ ငါးဖမ်းဆီးခွင့်ပိတ်ပင်ထားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ သိရပါတယ်။

 

ငါးမဖမ်းရရာသီ ငါးမဖမ်းရဧရိယာသတ်မှတ်ခြင်းကို ၂၀၁၃ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်အတွင်း ငါးဖမ်းဆီးခွင့်ကို ၃၀ ရာခိုင်နှုန်း သတ်မှတ်ထားခဲ့ကြောင်း သိရပါတယ်။

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 11:17
Rate this item
(1 Vote)