Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အာဆီယံ အစားအစာပွဲတော် ကျင်းပမည်

ဒေသတွင်းအစားအစာများနှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရန် ရည်ရွယ်၍ အာဆီယံနိုင်ငံများနှင့် မိတ်ဖက် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနိုင်ငံများ ပါဝင်သော အာဆီယံ အစားအစာပွဲတော် ၂ဝ၁၉ ကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို

ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်   ကမ်းနားလမ်းရှိ  Ayarwaddy River View Hotel ခန်းမ၌ ကျင်းပခဲ့ပါတယ်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားလာရေး ညွှန်ကြားမှုဦးစီးဌာန   ဦးစီးမှူးက  အာဆီယံ အစားအစာများနှင့် မြန်မာ့ရိုးရာ အစားအစာများကို နိုင်ငံတကာ ဧည့်သည်များ ပိုမိုသိရှိပြီး နိုင်ငံတကာသို့ ပျံ့နှံ့စေရန်၊ မြန်မာလူမျိုးများနှင့်  မြန်မာနိုင်ငံတွင် လာရောက်လည်ပတ်ကြသော နိုင်ငံခြားခရီးသွား ဧည့်သည်များ ခံစားနိုင်ရန်၊ Green  Season ကာလအတွင်း  ခရီးသွားကဏ္ဍမြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ်အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပြီး  တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

 

အာဆီယံအစားအစာ ပြပွဲကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် လမ်း ၇ဝ၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြားတွင် ၂ဝ၁၉ ခုနှစ် သြဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် နံနက် ၉ နာရီမှ ည ၆ နာရီအထိ အာဆီယံနိုင်ငံများနှင့် မိတ်ဖက် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား စားသောက်ဆိုင် ၉ဝ ကျော် ပါဝင်ပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Thursday, 25 July 2019 16:26
Rate this item
(0 votes)