Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ကုန်သည်များအဝယ်တက်၍ မူဆယ်တွင် ဆန်တစ်အိတ် ၁၀ ရာခိုင်နှုန်းခန့် ဈေးတက်

တရုတ်ကုန်သည်များ  ကြိုက်နှစ်သက်ခြင်းကြောင့် ၂၀၁၇ နှစ်ကုန်ပိုင်းထက် ဆန်တစ်အိတ် ၁၀ ရာခိုင်နှုန်းခန့်

ဈေးတိုးမြှင့်ပေး ဝယ်ယူနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ် အမှုဆောင် ဦးမျိုးသူရအေးက ပြောသည်။

 

ပျော့ပျောင်းစေးထန်းမှုများ သည့် ဆန်ကြမ်းအမျိုးအစား နွေ ရှယ်ဆန်တစ်အိတ်ကို မူဆယ်မြို့ တွင် ၁၅၅ ယွမ်(လက်ရှိ ငွေလဲနှုန်း တစ်ယွမ်လျှင် ၂၁၁ ကျပ်ဖြင့် ကျပ် ၃၂,၀၀၀ ကျော်) ဈေးရရှိကြောင်း ၎င်းက ပြောသည်။

 

၂၀၁၇ နှစ်ကုန်ပိုင်းက ဆန်ကြမ်းရှယ်တစ်အိတ်လျှင် ၁၄၅ ယွမ်မှ ၁၄၈ ယွမ်အကြားရရှိခဲ့ သဖြင့် တရုတ်ကုန်သည်များပေး သည့် လက်ရှိဆန်ဈေးနှုန်းက ကုန်သည်များအတွက် အဆင်ပြေသော်လည်း ပြည်တွင်းဆန်ဈေး လိုက်ပါမြင့်တက်နေမှုက အကျိုးအမြတ်နည်းသည်ဟု မူဆယ် ဆန် ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦးက ပြောသည်။

 

တရုတ်နိုင်ငံမှ ဆန်ဝယ်ယူမှု က ယခုရက်ပိုင်းတွင် နေ့စဉ် ဆန် အိတ်ရေ ၆၀,၀၀၀ ခန့် (တန်ချိန် ၃,၀၀၀)ဝယ်ယူနေပြီး မြန်မာနိုင်ငံ အတွင်းမှ မူဆယ်မြို့သို့ နေ့စဉ် ဆန်အိတ်ရေ ၈၀,၀၀၀ ခန့် ဝင် ရောက်နေကြောင်း ၎င်းက ဆို သည်။ 

 

လက်ရှိ တရုတ်ကုန်သည် များက ပြည်တွင်းမှ ဆန်အဝယ် များနေခြင်းကြောင့် ဆန်ဈေးမြင့် တက်ပြီး ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ဆန်ရောင်းချရာတွင် အကျိုးအမြတ် နည်းပါးကြောင်း ပြည်ပဆန်တင်ပို့သူအချို့က ပြော သည်။

 

နွေစပါးသည် ဒေသများစွာ မှ ပေါ်ထွက်နေသော်လည်း ပြည် ပတင်ပို့ရန် ဝယ်လိုအားများနေ ခြင်းကြောင့် ပြည်တွင်းဆန်ကြမ်း ဈေး ဆက်လက်တက်မည်ဟုဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ခန့်မှန်းပြောသည်။

 

Source: 7 days new

Read times Last modified on Wednesday, 19 September 2018 11:15
Rate this item
(0 votes)