Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရခိုင်ပြည်နယ်တွင် ကျောက်ပုစွန်များ ဈေးကောင်းရနေ

ရခိုင်ပြည်နယ်တွင် ကျောက်ပုစွန်များ ရှားပါးလာသောကြောင့် ယခင်နှစ်ထက် ဈေးကောင်းပိုမို ရရှိနေကြောင်း

ကျောက်ပုစွန်လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

 

ကျောက်ပုစွန်ရှားပါးလာတာက ရေလုပ်ငန်းလုပ်ကိုင်သူတွေများလာသလို နည်းအမျိုးမျိုးနဲ့ ဖမ်းဆီးမှုတွေကြောင့်လည်း ပါဝင်ပါတယ်။ ဖမ်းတာက ပင်လယ်ထဲမှာ သင်္ဘောတွေနဲ့ဖမ်း၊ ရေငုပ်ပြီးဖမ်း၊ ကျောက်ဆောင်ကျောက်တန်းတွေမှာ ပိုတက်တွေနဲ့ ရေငုပ်ဖမ်းကြတာတွေကြောင့်လည်း တဖြည်းဖြည်းရှားပါးလာကြောင်း သိရပါတယ်။

 

နိုင်ငံတော်က သတ်မှတ်ထားတဲ့ ငါးမဖမ်းရရာသီနဲ့လည်း ကွဲလွဲမှုတွေရှိနေကြောင်း၊ ငါးဖမ်းရာသီမှာ ကျောက်ပုစွန်တွေ သားပေါက်ချိန်ဖြစ်ပြီး ငါးမဖမ်းရရာသီမှာ ကျောက်ပုစွန်တွေ သားပေါက်ပြီးသော်လည်း ဖမ်းဆီးခွင့်မရှိတာကြောင့် ငါးဖမ်းရာသီကို တစ်ရာသီတည်းမသတ်မှတ်ဘဲ ကျောက်ပုစွန်နဲ့ ကင်းပုစွန်ကို ခွဲခြားပြီး ငါးဖမ်းရာသီ သတ်မှတ်ပေးဖို့ လိုအပ်ကြောင်းကို ကျောက်ဖြူမြို့ ကျောက်ပုစွန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ၏ ပြောကြားချက်အရ သိရပါတယ်။

 

ငါးဖမ်းရာသီအဖြစ် ဇွန်၊ ဇူလိုင်၊ သြဂုတ်လနှင့် စက်တင်ဘာလတို့ကို သတ်မှတ်ထားပြီး ယင်းကာလများတွင် ကျောက်ပုစွန်နှင့် ကင်းပုစွန်တို့အတွက် သားပေါက်ရာသီများ ဖြစ်နေကြောင်း သိရပါတယ်။

 

ရခိုင်ပြည်နယ်တွင် ကျောက်ပုစွန်ဈေးမှာ ယခင်က တစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀၀ မှ ၇၃၀၀၀ အထိ မြင့်တက်ခဲ့ပြီး ယခုအခါ ကျောက်ပုစွန်တစ်ပိဿာလျှင် ငွေကျပ် ၆၃၀၀၀ ၀န်းကျင်တွင် ရပ်တန့်လျက်ရှိနေ ပြီး ယခင်က ကျောက်ပုစွန်ပိဿာ တစ်သိန်းကျော်အထိ ရန်ကုန်သို့ တင်ပို့နိုင်သော်လည်း ယခုလက်ရှိတွင် ပိဿာ ငါးထောင်ကျော်သာ တင်ပို့နိုင်ကြောင်း ကျောက် ပုစွန်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

 

ရခိုင်ပြည်နယ်၏ အဓိက စီးပွားရေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းဖြစ်ပြီး ရေလုပ်ငန်းမှာ ပုစွန်၊ ကျောက်ပုစွန်၊ ဂဏန်းနှင့် ငါးမျိုးစုံတို့ဖြစ်ကာ ပုစွန်မှာ ဈေးလုံးဝ မကျဆင်းဘဲ ဆိုဒ်အကြီးဆုံး ပုစွန်များမှာ တစ်ပိဿာလျှင် ငွေကျပ် ၃၆၀၀၀ အထိ ဈေးနှုန်းရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 10:55
Rate this item
(1 Vote)