Food & Livestock
တရုတ်နိုင်ငံမှ ပဲတီစိမ်း တရားဝင်ဝယ်ယူလိုသော်လည်း ကိုတာသတ်မှတ်ချက်မပေးသေး
တရုတ်နိုင်ငံအနေဖြင့် မြန်မာ့ပဲတီစိမ်းကို တစ်နှစ်ပတ်လုံး တရားဝင်ဝယ်ယူလိုသော်လည်း
လက်ရှိအချိန်ထိ ကိုတာသတ်မှတ်ချက်ပေးမထားသေးကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းရောင်းဝယ်ရေးလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။
ပဲတီစိမ်းကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဆိုပါက လိုင်စင်လျှောက်ထားရန်မလိုဘဲ အကောက်ခွန်ဦးစီးဌာနမှ ပို့ကုန်ကြေညာလွှာနှင့် ပြည်တွင်းအခွန်များဦးစီးဌာနက ၂ ရာခိုင်နှုန်းအခွန်ဆောင်ကာ တင်ပို့နိုင်ကြောင်း သိရပါတယ်။
လက်ရှိတွင် တရုတ်နိုင်ငံမှ ၀ယ်လိုအားကောင်းနေသောကြောင့် ပဲတီစိမ်းသစ်တစ်တန်လျှင် ငွေကျပ် ခြောက်သိန်းကျော် ပေါက်ဈေးရှိနေပြီး ဥရောပနှင့် ဂျပန်နိုင်ငံတို့ကလည်း ၀ယ်ယူရန် ကမ်းလှမ်းမှုများရှိနေကြောင်း သိရပါတယ်။
တရုတ်ကုန်သည်တွေက ဒီဘက်က၀ယ်တဲ့ ပဲတီစိမ်းတွေကို သူတို့ဘက်က ကုမ္ပဏီတွေမှာ ပြန်လည်သန့်စင်ပြီး သူတို့ကုမ္ပဏီ တံဆိပ်ရိုက်ပြီး ရောင်းကြတာပါ။ ဥရောပနဲ့ ဂျပန်ကတော့ အပင်ဖောက်ပြီး အစိမ်းသုပ်ပြီး စားသုံးကြပါတယ်။
ဝယ်တဲ့အခါမှာလည်း မြန်မာနိုင်ငံရဲ့  အဓိက ဖောက်သည်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေက ပေးတဲ့ဈေးနှုန်းထက် တစ်တန်ကို အမေရိကန်ဒေါ်လာ ၂၀၀ လောက်ပိုပေးတယ် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန်၏ ပြောကြားချက်အရ သိရပါတယ်။
Read More >>>> အိန္ဒိယက ပဲစင်းငုံ ပြန်လည်ဝယ်ယူမည့်သတင်းကြောင့် မန္တလေးပဲဈေးကွက်လှုပ်ရှား
ဥရောပဈေးကွက်သည် နိုင်ငံတကာဈေးကွက်နှင့် ယှဉ်ပါက ဈေးနှုန်းပိုမိုရရှိနေခြင်းကြောင့် ပဲစိုက်တောင်သူများနှင့် ချိတ်ဆက်၍ ယင်းတို့ဝယ်ယူလိုသည့် သတ်မှတ်စံနှုန်းအတိုင်း ဖြစ်စေရန် စိုက်ခင်းထဲဆင်းကာ အသိပညာ ဖြန့်ဝေမှုများ ဆောင်ရွက် လျက်ရှိပြီး ထုတ်ကုန်တိုးမြှင့်တင်ပို့ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
Source: Myawady