Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပို့ကုန်မှ ရရှိသည့် အမြတ်အား လယ်သမားများသို့ (၅၀) ရာခိုင်နှုန်း ခွဲဝေပေးရန် စီစဉ်

အိန္ဒိယနိုင်ငံ၌ အမျိုးသားအဆင့် သမဝါယမပို့ကုန်ဆိုင်ရာ ညီလာခံတစ်ရပ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့ပြီး ပို့ကုန်မှ ရရှိသည့် စုစုပေါင်းအမြတ်ငွေမှ ၅၀ ရာခိုင်နှုန်းခန့်ကို အသင်းဝင် လယ်သမားများအား ခွဲဝေပေးရန် စီစဉ်နေကြောင်း ဆွေးနွေးခဲ့ကြသည်။

 

ယင်းညီလာခံတွင် သမဝါယမဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Amit Shah က အသစ်ဖွဲ့စည်းတည်ထောင်ခဲ့သော အမျိုးသားပို့ကုန်များ သမဝါယမလီမိတက် (National Cooperative Exports Limited - NCEL) သည်…

  • ပြည်ပသို့ တင်ပို့မည့် ကုန်စည်များကို အစိုးရက သတ်မှတ်သည့် အနိမ့်ဆုံး အထောက်အကူပြု အခြေခံရည်ညွှန်းဈေးနှုန်း (Minimum Support Price - MSP) ဖြင့် အသင်းဝင် လယ်သမားများထံမှ ဝယ်ယူမည် ဖြစ်ကြောင်း
  • လက်ရှိကာလ၌ NCEL သည် ရူပီးငွေ ကုဋေ (၇,၀၀၀) တန်ဖိုးရှိ ပို့ကုန်အမှာစာများ ရရှိထားကြောင်း
  • NCEL ၏ ပြည်ပသို့ ကုန်တင်ပို့မှုမှ ရရှိသည့် စုစုပေါင်း အမြတ်ငွေမှ ၅၀% ခန့်ကို အသင်းဝင် လယ်သမားများ၏ ဘဏ်ငွေစာရင်းများသို့ တိုက်ရိုက် လွှဲပြောင်းပေးမည် ဖြစ်ကြောင်းနှင့်
  • အကျိုးအမြတ် ရရှိမှုသည် MSP ဈေးနှုန်းဖြင့် ရောင်းချမှုထက် သာလွန်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

သမဝါယမဝန်ကြီးဌာနက ဖွဲ့စည်းခဲ့သော NCEL လီမိတက်သည် လတ်တလောကာလတွင် ယာယီရုံးခန်းတစ်ခု ဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းအသစ်များကိုလည်း စုဆောင်းနေကြောင်း သိရသည်။ NCEL သည် ပို့ကုန်မှ အကျိုးအမြတ် ရရှိရေးကိုသာမက ပို့ကုန်ဈေးကွက်ဝင် ကုန်စည်များအား လယ်သမားများက ထုတ်လုပ်စေရေးကိုလည်း ဆောင်ရွက်မည် ဖြစ်ကြောင်း Amit Shah က ပြောဆိုသည်။ 

 

Advertisement

Click Here > YTSB

 

အဆိုပါ ညီလာခံတွင် ဝန်ကြီး Amit Shah က NCEL ၏ အမှတ်တံဆိပ်လိုဂိုနှင့် အင်တာနက် ဝက်ဘ်ဆိုက်တို့အား လွှင့်တင်ပေးခဲ့ပြီး NCEL ၌ အဖွဲ့ဝင်အဖြစ် ပါဝင်သော သမဝါယမအဖွဲ့အစည်း ၅ ခုထံသို့လည်း အသင်းဝင် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။

 

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီး Piyush Goyal ကလည်း NCEL ကို ဖွဲ့စည်းခြင်းသည် ပို့ကုန်လုပ်ငန်းများအတွက် အားပေးကူညီမှု ဖြစ်သည့်အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသ အသွင်ပြောင်းနိုင်ရေးတို့အတွက် အထောက်အပံ့ ဖြစ်သည်ဟု ဆိုသည်။ 

ကမ္ဘာ့လုံးဆိုင်ရာ အဆင့်၌ အိန္ဒိယနိုင်ငံ၏ ထင်ပေါ်ကျော်ကြားမှု ကြီးမားလာသည်နှင့်အမျှ သမဝါယကဏ္ဍသည် ပို့ကုန်အလားအလာကို ဖော်ထုတ် လုပ်ကိုင်နိုင်မှု ရှိလာပြီး သမဝါယမ အဖွဲ့အစည်းများအနေဖြင့် ပို့ကုန်ဈေးကွက်အတွက် နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် အရည်အသွေးမီ ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို အလေးပေး ဆောင်ရွက်သင့်ကြောင်း အဆိုပါ အခမ်းအနား၌ ပြောကြားခဲ့သည်။

 

NCEL လီမိတက်ကို ပြည်နယ်စုံ သမဝါယအဖွဲ့အစည်းများဆိုင်ရာ အက်ဥပဒေ (Multi-State Co-operative Societies Act) အရ ၂၅-၁-၂၀၂၃ နေ့တွင် မှတ်ပုံတင်ဖွဲ့စည်းထားခြင်း ဖြစ်ကာ အများဆုံးထုတ်ဝေနိုင်သည့် အစုရှယ်ရာ အရင်းအနှီးမှာ ရူပီးငွေ ကုဋေ ၂,၀၀၀ ရှိသည်။

 

ပို့ကုန်လုပ်ငန်းများကို စိတ်ပါဝင်စားသော မည်သည့်သမဝါယမအသင်း အသေးအကြီးမဆို NCEL ၏ အသင်းဝင်အဖြစ် ပါဝင်နိုင်ကြောင်းနှင့် ပြည်ပဈေးကွက်များသို့ ဝင်ရောက်ခြင်းဖြင့် အိန္ဒိယ သမဝါယမကဏ္ဍ၌ ပိုလျှံမည့် ကုန်စည်များကို တင်ပို့နိုင်ရေး ရည်ရွယ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

အိန္ဒိယပြည်တွင်း၌ သမဝါယအဖွဲ့အစည်းပေါင်း (၈) သိန်းခန့် ရှိပြီး အသင်းသားဦးရေပေါင်း သန်း (၂၉၀) ကျော် ရှိကြောင်း Economic Times သတင်းဌာနက ဖော်ပြထားသည်။

 

Source: Economic Times

Read times Last modified on Thursday, 02 November 2023 14:17
Rate this item
(0 votes)