Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောဝယ်လိုအားကျဆင်းပြီး ဈေးကွက်အေးနေ

ငှက်ပျောဈေးကွက်အတွင်း ယခုရက်ပိုင်းတွင် ၀ယ်လိုအားလျော့ကာ ဈေးနှုန်းကျဆင်းလာပြီး

ဈေးကွက်အေးနေကြောင်း မြန်မာနိုင်ငံ ငှက်ပျောစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ အတွင်းရေးမှူးထံမှ သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖီးကြမ်းထိပ်စတစ်ဖီးလျှင် ၁၂၀၀ ကျပ်မှ ၈၀၀ ကျပ်၊ သီးမွှေးထိပ်စတစ်ဖီးလျှင် ၁၄၀၀ ကျပ် မှ ၁၂၀၀ ကျပ်၊ ရွှေငှက်ပျော ထိပ်စတစ်ဖီးလျှင် ၂၅၀၀ ကျပ် မှ ၂၀၀၀ ကျပ် နှင့် ပွဲထိုး ရခိုင်ငှက်ပျောထိပ်စတစ်ဖီးလျှင် ၁၀၀၀ ကျပ် မှ ၈၀၀ ကျပ် သို့ ဈေးနှုန်းအသီးသီး ကျဆင်းလျက်ရှိကြောင်း သိရပါတယ်။

 

လတ်တလောတွင် ရန်ကုန်မြို့ရှိ ဗားကရာငှက်ပျောတန်းသို့ ရွှေဘိုနှင့် ကျောက်ဆည်အပါအ၀င် အထက်ဘက်မှ ဖီးကြမ်းငှက်ပျောအ၀င်များပြီး ဧရာဝတီတိုင်းဒေသကြီးမှ ရွှေငှက်ပျော၊ ပွဲထိုးရခိုင်ငှက်ပျော၊ သီးမွှေးနှင့် ဖီးကြမ်း အနည်းငယ် ၀င်ရောက်လျက်ရှိကြောင်း သိရပါတယ်။

 

ပြည်တွင်းဈေးကွက်တွင် ဖီးကြမ်း၊ ရွှေငှက်ပျောနှင့် သီးမွှေးငှက်ပျောတို့မှာ ဈေးကွက်ဝေစုအများဆုံးရရှိထားပြီး ပြည်ပသို့ တင်ပို့ရာတါင် တစ်ရှူးငှက်ပျောမှာ တင်ပို့မှုအားကောင်းလာကြောင်း သိရပါတယ်။

 

ကုန်ဝင်ရောက်မှုမှာ ပုံမှန်အတိုင်းသာဖြစ်ပြီး တစ်ရက်လျှင် ကားကြီး ၁၀ စီးဝန်းကျင်၊ ကားလတ် ၁၅ စီးဝန်းကျင်နှင့် ကားငယ် ၁၀ စီး ၀န်းကျင် ၀င်ရောက်လျက်ရှိကြောင်း သိရပါတယ်။

Read times Last modified on Tuesday, 18 September 2018 14:07
Rate this item
(1 Vote)