Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန် ပဲခူးနှင့်ဧရာဝတီတိုင်း ဒေသကြီးတို့မှ ကုန်များ ဝင်ရောက်မှုများ

ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးကွက်သို့  ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှကုန်များသာ   ယခုရက်ပိုင်းအတွင်း  ဝင်ရောက်မှုများနေကြောင်း အဆိုပါဈေးရှိတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရပါတယ်။

 

ယနေ့တွင် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ မျှစ်၊ ကွမ်း၊ ချင်း စသည့် သီးနှံအမျိုးအစားများ ဝင်ရောက်လျက်ရှိကာ အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေး၊ ပဲခူးတိုင်း ဒေသကြီး ပြည်နှင့် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုန်း၊ မအူပင် စသည့် ဒေသတို့မှ ရာသီကုန်များ  ဝင်ရောက်လျက်ရှိပါတယ်။

 

'လက်ရှိကတော့  တရုတ်နဲ့  ထိုင်းနိုင်ငံ တို့က သစ်သီးတွေလည်း အနည်းငယ် ဝင်ရောက်နေတယ်။ တိုက်ကြီး၊ ပြည်၊ တွံတေးနဲ့ ဧရာဝတီတိုင်းဒေသကြီးဘက်က  အဓိက ဝင်ရောက်နေတာပါ။ မိုးတွင်းဆိုတော့ ကုန်အဝင်ပါးတယ်။ အရောင်းအဝယ်ကလည်း လပြည့်၊   လကွယ်လို   ရက်တွေနားနီးရင်တော့ ကောင်းတယ်။   ကျန်တဲ့အချိန်ဆိုရင် ပုံမှန်ပါပဲ'ဟု ၎င်းကပြောကြားခဲ့ပါတယ်။

 

Read More >>>>>  ဘဏ္ဍာနှစ် (၁၁) လအတွင်း ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သန်းခန့် တင်ပို့ထား

 

လတ်တလောတွင်  ပန်းသီး၊  ပန်းသစ်တော်၊ ဆန်းကစ်သီး၊ မက်မွန်သီး၊ စပျစ်သီး၊ တည်သီး၊  ချယ်ရီပန်းသီး  စသည့်သစ်သီးများ  တရုတ်နိုင်ငံဘက်မှ   အနည်းငယ် ဝင်ရောက်နေပြီး ထိုင်းနိုင်ငံမှ ဖရဲများလည်း ဝင်ရောက်ကာ ပြည်တွင်းမှ ကျွဲကော၊ ဒူးရင်း၊ သရက်၊ သင်္ဘော၊ နာနတ်နှင့် ငှက်ပျောသီးတို့ ဝင်ရောက်လျက် ရှိကြောင်း သိရပါတယ်။

 

Myanmar Food Industry Directory

Read times Last modified on Wednesday, 21 August 2019 16:59
Rate this item
(1 Vote)