Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်အ၀ယ်လိုက်၍ ပြည်တွင်း ရော်ဘာ ကုန်ကြမ်းဈေး ၁၀ ရာခိုင်နှုန်းကျော်ဈေးတက်

တရုတ်နိုင်ငံမှ ၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရော်ဘာကုန်ကြမ်းဈေး

၁၀ ရာခိုင်နှုန်းကျော်တက်လာ ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားသည်။

 

ဧပြီက ပြည်တွင်းရော်ဘာကုန်ကြမ်းဈေးနှုန်း RSS-3 အမျိုး အစား တစ်ပေါင်လျှင် ကျပ် ၆၈၀ မှ မေလတွင် ကျပ် ၇၅၀ သို့ တက်လာ သည်။ တရုတ်နိုင်ငံမှ တာယာ ကုမ္ပဏီများက ရော်ဘာကုန်ကြမ်း လိုအပ်ချက်များလာခြင်းကြောင့် ရှန်ဟိုင်း ဈေးကွက် အပါအ၀င် ရော်ဘာကုန်ကြမ်း  ဈေးကွက်များမှ ၀ယ်လိုအား မြင့်တက်နေကြောင်း ဦးခိုင်မြင့်က ပြောသည်။

 

မြန်မာနိုင်ငံမှ နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်သော ရော်ဘာကုန် ကြမ်းများ၏ ၉၀ ရာခိုင်နှုန်းကျော် သည် တရုတ်ဈေးကွက်ကို တင်ပို့နေခြင်းကြောင့် လက်ရှိတရုတ်နိုင်ငံ၏ ဈေးနှုန်းမြှင့်တင်ဝယ်ယူမှုက ပြည်တွင်းရော်ဘာကုန်သည်များနှင့် ခြံပိုင်ရှင်များအတွက်  အဆင်ပြေသည်ဟု ပြည်ပသို့ ရော်ဘာ တင်ပို့နေသည့် ကုန်သည်အချို့က ပြောသည်။

 

ကမ္ဘာ့ရော်ဘာ ဈေးကွက်တွင် တရုတ်နိုင်ငံမှ ရော်ဘာကုန် ကြမ်းဝယ်လိုအားများ၍ နိုင်ငံတကာရော်ဘာဈေးနှုန်းတစ်တန်လျှင် ကန်ဒေါ်လာ ၁,၅၀၀ ကျော်မှ ၁,၇၅၀ သို့ မြင့်တက်လာသည်။

 

ရော်ဘာအစေး  လှီးရာသီကုန်ရန် နီးကပ်လာချိန်တွင် ပြည်တွင်းရော်ဘာဈေးတက်ခြင်းက ခြံပိုင်ရှင်များအတွက် အကျိုးအမြတ်နည်းသည်ဟု ဘီးလင်းမြို့နယ်မှ ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။ယခုနှစ် ပြည်တွင်းရော်ဘာ ကုန်ကြမ်းဈေးနှုန်းသည် ခြံပိုင်ရှင် များအတွက် ရင်းနှီးမြှုပ်နှံမှုကုန် ကျစရိတ်၊ အလုပ်သမား စရိတ် များထက်ပိုမိုရရှိခြင်းကြောင့် ဆုံး ရှုံးမှုနည်းသည်ဟု ၎င်းက ပြော သည်။ ၂၀၁၈ တွင် မြန်မာနိုင်ငံ၏ ရော်ဘာစိုက်ပျိုးဧက ၁ဒသမ၄၃ သန်းမှ ရော်ဘာကုန်ကြမ်းတန် ချိန် ၂ဒသမ၅ သန်းထုတ်လုပ်ပြီး တရုတ် အပါအ၀င် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့မည်ဟု ဦးခိုင်မြင့်က ပြောသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:45
Rate this item
(1 Vote)