Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခွန်တံဆိပ်မကပ်ထားသည့်အထူးကုန်စည်ခွန်များ ဒဏ်ကြေး ၁၀၀ ရာခိုင်နှုန်းပေးဆောင်ရမည်

အထူးကုန်စည်ခွန်အဖြစ် သတ်မှတ်ထားသည့် အရက် ၊ စီးကရက် ၊ ဝိုင်အမျိုးမျိုးအား အခွန်တံဆိပ် ကပ်နှိပ်ခြင်းမရှိဘဲ ရောင်းချမှုများကို စိစစ်တွေ့ရှိပါက အထူးကုန်စည်ခွန်ဥပဒေနှင့်အညီ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည့်အပြင်

လက်ဝယ်ထားရှိရောင်းချသူအနေဖြင့်လည်း အထူးကုန်စည်၏ တန်ဖိုး ၁၀ဝ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် ကြေညာခဲ့သည်။

 

အရက် ၊ စီးကရက် ၊ ဝိုင်အမျိုးမျိုးအား အထူးကုန်စည်ခွန်များအဖြစ်သတ်မှတ်ကာ အခွန်တံဆိပ်ခေါင်းကပ်နှိပ်ပြီးမှ ရောင်းချရန် သတ်မှတ်ထားသည်။ ထို့အပြင် တရားမဝင်တင်သွင်းလာသည့် ဘီယာ အမျိုးမျိုးကို ဝယ်ယူရောင်းချမှုများလည်း အထူးကုန်စည်ခွန် ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်သည်။ ဖမ်းဆီးရမိသည့် အထူးကုန်စည်များသည် ပြည်တွင်း၌ ထုတ်လုပ်ခြင်းဖြစ်ပါက ယင်းကုန်စည်ကို ထုတ်လုပ်သည့် လုပ်ငန်းရှင်က အထူးကုန်စည်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ်ပေးဆောင်ရမည်ဖြစ်သည်။

 

အထူးကုန်စည်အဖြစ် သတ်မှတ်ထားသည့် အရက် ၊ စီးကရက် ၊ ဝိုင်အမျိုးမျိုးအပြင် တရားမဝင်တင်သွင်းလာသည့် ပြည်ပနိုင်ငံထုတ် ဘီယာအမျိုးမျိုးကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန် ရှောင်တခင်ဝင်ရောက်စစ်ဆေးကာ ရှာဖွေသိမ်းဆည်း အရေးယူသွားမည်ဖြစ်သည်။ အခွန်တံဆိပ်ကပ်နှိပ်ထားသည့် အရက် ၊စီးကရက် နှင့် ဝိုင်အမျိုးမျိုးအပြင် တရားမဝင် တင်သွင်းလာသည့် ဘီယာအမျိုးမျိုးကိုလည်း ရောင်းချခြင်း မပြုရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ နှိုးဆော်ထားသည်။

 

Source: myanmar times

 

Read times Last modified on Tuesday, 18 September 2018 10:01
Rate this item
(0 votes)