Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းပဲဈေး တစ်တန် ကျပ် လေးသောင်းကျော် ကျဆင်း

အိန္ဒိယ၏ ပဲတင်သွင်း မည့် အစီအစဉ်အပေါ် စိုးရိမ်မှု ကြောင့် ပဲသိုလှောင်သူများထုတ် ရောင်းသဖြင့် ပြည်တွင်းဈေးကွက် တွင် မတ်ပဲနှင့် ပဲစင်းငုံဈေးတစ် တန်လျှင် ပျမ်းမျှကျပ် ၄၀,၀၀၀ ကျော်  ဈေးပြန်လည်ကျဆင်းလာသည်။

 

မြန်မာနိုင်ငံမှ ပဲတင်သွင်း မည့် အိန္ဒိယကုမ္ပဏီများကို အိန္ဒိ ယအစိုးရက ဇွန်လဆန်းတွင် လိုင်စင်ချပေးရန် စီစဉ်ထားသည်။ သို့ သော် ဇွန်လပထမပတ်အတွင်း အိန္ဒိယအစိုးရက လိုင်စင်ချထား ပေးခြင်း မရှိသေးသဖြင့် ပြည် တွင်း၌ ပဲသိုလှောင်ထားသည့် ကုန်သည်များက စိုးရိမ်နေသည်။ ထို့ကြောင့် ယခုရက်ပိုင်းတွင် ပြည်တွင်း ကုန်သည်များက မတ် ပဲနှင့် ပဲစင်းငုံကို ပြည်တွင်းဈေး ကွက်သို့ ပမာဏများစွာ ထုတ် ရောင်းခြင်းကြောင့် ပဲဈေးနှုန်းကျ ဆင်းခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

လက်ရှိတွင် အိန္ဒိယ နိုင်ငံက တစ်ပတ်လျှင် မတ်ပဲတန်ချိန် ၅,၀၀၀ ခန့်၊ ပဲစင်းငုံတန်ချိန် ၃,၀၀၀ ခန့် ၀ယ်ယူနေသည်။ ထို သို့အ၀ယ်ရှိနေသော်လည်း ပြည် တွင်းဈေးကွက်၌ ရောင်းလိုအား ပိုများခြင်းကြောင့် တစ်ပတ်အ တွင်း မတ်ပဲတစ်တန်လျှင် ကျပ် ၅၄၅,၀၀၀ မှ ၅၀၀,၀၀၀၊ ပဲစင်းငုံတစ်တန်လျှင် ကျပ် ၅၃၅,၀၀၀ မှ ၄၉၅,၀၀၀ သို့ ဈေးကျဆင်းလာသည်ဟု ဘုရင့်နောင်ပဲကုန်စည် ဒိုင်မှ ကုန်သည်တစ်ဦးက ပြော သည်။

 

အိန္ဒိယအစိုးရ၏ မေလအ တွင်း မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် တစ်သိန်းခွဲစီနှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်းတင်သွင်းမည့် ကြေညာ ချက်ကြောင့် ပြည်တွင်းဈေးကွက် တွင် ဈေးတက်ခဲ့သည်။

 

သို့သော် ပြည်ပမှ ပဲတင်သွင်းခွင့် လိုင်စင်ရရှိရန် အိန္ဒိယကုန်သည်များက စောင့်ဆိုင်းနေခြင်းကြောင့် မေလကုန်ပိုင်းက အ၀ယ်ရပ်ထားသဖြင့် ပြည်တွင်းမတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်းငြိမ်ခဲ့ပြီး ဇွန်လဆန်းကစတင်ကာ ဈေးပြန်ကျခြင်း ဖြစ်သည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 13:16
Rate this item
(2 votes)