Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လက်ဖက်ခြောက် နှင့် လက်ဖက်စိုများ ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်ရန်စီစဉ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံဒေသ ထွက် လက်ဖက်ခြောက် (Green Tea)  နှင့် လက်ဖက်စိုများကို ၂ဝ၁၉ ခုနှစ်တွင် ပြည်ပ ဈေးကွက်သို့ 

တိုးချဲ့တင်ပို့ရောင်းချနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ် လုပ် တင်ပို့ ရောင်းချသူများ အသင်းမှ သိရ သည်။

 

''ရွာငံ ဒေသထွက် မြန်မာ့လက်ဖက်ခြောက် (Green Tea) ကို ဂျာမနီနိုင်ငံကို အရင်တင် ပို့ခဲ့တယ်။ ပြီးတော့မှ  လက်ဖက်ခြောက (Green Tea ) အပြင်  လက်ဖက်စိုကိုပါ ဂျာမနီနဲ့  စင်ကာပူနိုင်ငံ တို့ကို တင်ပို့ခဲ့တယ်။

 

လာမယ့်နှစ်မှာ တခြားနိုင်ငံတွေကိုလည်း ဈေးကွက်တိုးချဲ့နိုင်အောင်   စီစဉ်နေပါ တယ်'' ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့်  ဟင်းသီး ဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဥက္ကဋ္ဌ  ဦးစိုး သန်းမင်းဒင်ကပြောသည်။

 

ပြည်ပနိုင်ငံများမှ   လက်ဖက်စိမ်းနှင့် လက်ဖက်ခြောက် (Green Tea ) ကို ဝယ်ယူမှု ပိုမိုများပြားပြီး လက်ဖက်ခြောက် သည် ကိုယ် အလေးချိန် ကျစေခြင်း၊   သွေးတွင်းသကြား ဓာတ်ကို ထိန်းညှိပေးခြင်း၊  နှလုံးသွေးကြော ဆိုင်ရာ ရောဂါများနှင့်   အစာရေမျိုပြွန် ကင်ဆာ ကာ ကွယ်ပေးခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချပေးခြင်း အပြင် အသားအရေလှပ စေခြင်းတို့ကြောင့်  ပိုမို ရောင်းချနေရခြင်း ဖြစ်သည်။

 

လက်ရှိ   ပြည်တွင်းဈေးကွက်အတွင်း သုံးစွဲနေကြသည့် လက်ဖက်ခြောက် အများစုမှာ နေလှန်းခြောက်များဖြစ်ပြီး ရာသီဥတုပေါ် အခြေခံကာ လက်ဖက်ခြောက် ထုတ်လုပ်ရသဖြင့် နေမပူသည့်နေ့များတွင် ထုတ်လုပ် ရန်အခက်အခဲ ရှိကြောင်း သိရသည်။

 

(Green Tea ) စက်ရုံမှထွက်သည့်  လက် ဖက်ခြောက်များသည် ရာသီဥတု အခြေအနေကို စိုးရိမ်စရာ မလိုဘဲ စနစ်တကျ ပေါင်းထားခြင်းနှင့် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ထား ခြင်းတို့ကြောင့်   ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

 

Source: Myawaddy

Read times Last modified on Thursday, 27 December 2018 11:16
Rate this item
(1 Vote)