Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ရန်ကုန်မြို့ တွင်းရှိ အခြေခံပညာကျောင်းများတွင် စားသောက်ကုန်အညွှန်းမပါဝင်သော မုန့်များရောင်းချမှုကို စစ်ဆေးမည်

ရန်ကုန်မြို့ တွင်းရှိ အခြေခံပညာကျောင်းများတွင် စားသောက်ကုန်အညွှန်းမပါဝင်သော မုန့်များရောင်းချနေမှုကို စစ်ဆေးမည်ဖြစ်ကြောင်း

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ထံမှ သိရပါတယ်။

 

အခြေခံပညာကျောင်းများတွင် အထူးသဖြင့် တရုတ်ဘာသာဖြင့်သာ စားသောက်ကုန်အညွှန်းရေးသားထားသည့်မုန့်များရောင်းချနေမှုကို စစ်ဆေးရာတွင် ယခင်က ဆင်ခြေဖုံးဒေသမြို့ နယ်များရှိ ကျောင်းများတွင်သာ စစ်ဆးခဲ့ပြီး မြို့ တွင်းမြို့ နယ်များရှိကျောင်းများတွင် စစ်ဆေးမှုမရှိခဲ့ပေ။

 

လက်ရှိတွင် စစ်ဆေးပြီးစီးခဲ့သော တချို့ မြို့ နယ်များတွင်လည်း ပြန်လည်စစ်ဆေးခြင်းများပြုလုပ်မည် ဖြစ်ပြီး ယင်းမုန့်ရောင်းချနေမှု စစ်ဆေးတွေ့ရှိပါက ပထမအကြိမ် သတိပေးတားမြစ်မည်ဖြစ်ပြီး ဒုတိယအကြိမ် တွေ့ ရှိပါက အရေးယူမည်ဖြစ်ကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံထုတ် မုန့်အားလုံးကိုတော့ အန္တရာယ်ရှိတယ်လို့ မပြောပါဘူး” တရုတ်ဘာသာနဲ့ ရေးထားတော့ တချို့ မုန့်တွေက ကျန်းမာရေးအရ အာမခံချက်မရှိတဲ့အတွက် ဒါတွေကို စစ်ဆေးတယ်။ ဆင်ခြေဖုံး ဒေသတွေမှာပဲ စစ်ဆေးရသေးတယ်။ မြို့ တွင်းကျောင်းတွေမှာ ဒါမျိုးတွေ မရောင်းချနိုင်ဘူးထင်လို့ မစစ်ဆေးခဲ့ဘူး။ အခုရောင်းချနေတယ်လို့ သတင်းတွေထွက်နေတယ်။ ဒါကြောင့် စစ်ဆေးမှုတွေ ပြုလုပ်တော့မှာပါ။ ရောင်းချတဲ့ မုန့်တွေမှာ စားသောက်ကုန်အညွှန်းတွေကို အနည်းဆုံး မြန်မာဘာသာ မပါဝင်ရင်တောင် အင်္ဂလိပ် ဘာသာနဲ့ ထည့်သွင်းရေးထားသင့်ပါတယ်ဟု မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ထံမှ သိရပါတယ်။

 

တရုတ်နိုင်ငံထုတ် မုန့်များအနက် တရုတ်ဘာသာဖြင့် စားသောက်ကုန်အညွှန်းရေးထားသော မုန့်များတွင် တားမြစ်ဆိုးဆေးများ ပါဝင်နိုင်ပြီး သကြားဓာတ်ပါဝင်မှုနှုန်း မသိရှိနိုင်သဖြင့် ကလေးများအတွက် မလိုလားအပ်သော ရောဂါများ ဖြစ်ပွားလာနိုင်ပါတယ်။ လက်ရှိတွင် အခြေခံကျောင်းများအတွင်း စားသုံးရန် မသင့်သော မုန့်များကို ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

Source: Myawady

 

Read times Last modified on Tuesday, 18 September 2018 13:10
Rate this item
(2 votes)