Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပျားရည်ဈေးကွက် အတွင်း ဈေးနှုန်းများ တိုးမြင့် ရရှိလာ

ယခုအခါ   ပျားရည်ဈေးကွက်အတွင်း ဈေးနှုန်းများ တိုးမြင့်ရရှိလာပြီး ဈေးကွက် အလားအလာကောင်းများ ရှိလာကြောင်း မြန်မာနိုင်ငံ ပျားမွေးမြူရေးအသင်း ဥက္ကဋ္ဌ ဦးအောင်ခိုင်နွေး ၏ပြောပြချက်အရ သိရသည်။

 

''ပြီးခဲ့တဲ့ငါးနှစ်နဲ့  နှိုင်းယှဉ်ကြည့်ရင် ဈေးက သိသိသာသာ    မြင့်တက်လာပါတယ်။ မနှစ်ကနဲ့ ဒီနှစ်က ပျားရည်ဈေးမတူ ဘူး''ဟု ဦးအောင်ခိုင်နွေး ကပြောသည်။

 

ပျားရည်ဈေးနှုန်းများသည်  ပြီးခဲ့သည့် ငါးနှစ်ခန့်က တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝ မှ ၂ဝဝဝ ကြားရှိရာမှ  ၂ဝ၁၈ ခုနှစ်အတွင်း တစ်ပိဿာလျှင် ငွေကျပ် ၂၅ဝဝ မှ ၃ဝဝဝ  အထိ  မြင့်တက်လာပြီး   ၂ဝ၁၉ ခုနှစ်တွင် တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ  မှ  ၃၇ဝဝ အထိ  ဈေးနှုန်း ရရှိလာကာ ဈေးကွက် အခွင့် အလမ်းကောင်းများလည်း ရရှိလာသည်။

 

သို့ရာတွင်    ထုတ်လုပ်မှု တိုးလာသော အခြေအနေမျိုး    မရှိသေးသဖြင့် အသင်းက စီမံချက်များ ရေးဆွဲကာ  ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

Read More >>>>> ပြည်ပရင်းနှီးမြှုပ်နှံသူများက တန်ဖိုးမြင့် နာနတ်သီးထုတ်ကုန်ထုတ်လုပ်ဖို့ စိတ်ဝင်စား

 

''နိုင်ငံတကာဈေးကွက်မှာ  ဈေးကွက်  ဝေစုရရှိအောင် ဆောင်ရွက်နေသလို ထုတ် လုပ်မှု တိုးတက်လာအောင်လည်း ဆောင်ရွက်နေပါတယ်၊။ ထုတ်လုပ်မှု တိုးတက်ဖို့  လုပ် ဆောင်နေတဲ့ အပိုင်းမှာဆိုရင် သင်တန်းပေးတာတွေ လုပ်ဆောင်နေတဲ့အပြင် စမ်းသပ် စခန်းတွေဖွင့်ပြီး အရည်အသွေး ကောင်းမွန်စေရေးအတွက်ပါ   ကြပ်မတ်ဆောင်ရွက် နေပါတယ်'' ဟု  ဦးအောင်ခိုင်နွေး ကပြောသည်။

 

မြန်မာနိုင်ငံ၏   ပျားရည်ထုတ်လုပ်မှုသည် တစ်နှစ်လျှင် တန်ချိန်ပေါင်း ၄ဝဝဝ မှ ၄၅ဝဝ  ခန့် ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။  

 

Source: Myawaddy

Read times Last modified on Friday, 17 May 2019 13:22
Rate this item
(1 Vote)