Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အထူးလိုင်စင်ဖြင့် အိန္ဒိယဝယ်ယူမှုနှင့် နိုင်ငံအချို့ ဝယ်လိုအားကြောင့် မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်တက်

 

အိန္ဒိယ၏ အထူးလိုင်စင် ရရှိထားသည့် ကုန်သည်များ၏ ဝယ်ယူမှုနှင့် တရုတ်၊ မလေးရှား နိုင်ငံတို့မှ ဝယ်လိုအား ကောင်း လာခြင်းကြောင့် ပြည်တွင်းဈေး ကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံဈေး နှုန်း ပြန်လည်မြင့်တက်လာသည်။

 

အိန္ဒိယက ပြည်ပမှ မတ်ပဲနှင့် ပဲစင်းငုံ ခွဲတမ်းသတ်မှတ်တင် သွင်းမည့်အချိန် သုံးလသတ်မှတ် ချက်က ဩဂုတ်လကုန်တွင် ပြည့် ခဲ့သော်လည်း ယခုသီတင်းပတ်အ တွင်း ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ် ၃၀,၀၀၀ နှင့် ပဲစင်းငုံ တစ်တန်လျှင် ကျပ် ၄၅,၀၀၀ ဈေးတက်လာသည်။

 

‘‘အိန္ဒိယပိတ်ပြီးတဲ့နောက် မှာ ပြည်တွင်းဈေးက ဆက်တိုက် ပြန်တက်လာတဲ့သဘောပဲ’’ ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

လက်ရှိတွင် ပြည်တွင်း မတ် ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံမှ အထူးလိုင်စင်ရရှိထားသူများအ ပြင် တရုတ်၊ မလေးရှား၊ ဘင်္ဂ လားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့ မှ ဝယ်လိုအားရှိနေသည်။

 

မြန်မာနိုင်ငံထွက် မတ်ပဲ သည် ဈေးသက်သာခြင်းကြောင့် တရုတ်ကုန်သည်များက အရည် အသွေးမကောင်းသည့် မတ်ပဲကိုတိရစ္ဆာန်အစာအတွက် ဝယ်ယူပြီး အရည်အသွေးကောင်းသည့် ပဲများကို ပဲပင်ပေါက်ဖောက်ရန် ဝယ်ယူကြောင်း ဘုရင့်နောင်မှ ပဲကုန်သည်တစ်ဦးက ပြောသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံ၌ မတ်ပဲလက်ကျန်တန်ချိန် နှစ်သိန်း ခွဲနှင့် ပဲစင်းငုံ လက်ကျန်တန်ချိန် ရှစ်သောင်းခန့် ရှိနေသည်။

 

၂၀၁၇ ဩဂုတ်နောက်ပိုင်း အိန္ဒိယနိုင်ငံမှ ပဲအဝယ်ရပ်တန့် ပြီးနောက် မတ်ပဲအသစ်မပေါ်မီ ခြောက်လအတွင်း ပြည်ပသို့ တန်ချိန်နှစ်သိန်းကျော် တင်ပို့နိုင်ခဲ့သည်ဟု ပဲကုန်သည်အချို့က ပြောကြားသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 10:04
Rate this item
(0 votes)