Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ထောပတ်သီးများ အရည်အသွေးနှင့် အရွယ်အစားညီရန် ကိုင်းကူးကိုင်းဆက်နည်း သင်တန်းပေး

 ပြည်တွင်းထွက် ထော ပတ်သီးများ အရည်အသွေးနှင့်အ ရွယ်အစား မညီမှုကို ကိုင်းကူး ကိုင်းဆက်နည်းဖြင့် ဖြေရှင်းရန် သင်တန်းပေးနေကြောင်း ရှမ်းပြည်နယ် ထောပတ်အသင်း ဥက္ကဋ္ဌ ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။


ထောပတ်သီး အဓိကစိုက် ပျိုးသည့် ကျေးရွာများမှ ရွေးချယ် ကာ အခမဲ့သင်တန်းပေးပြီး သင် တန်းတက်ရောက်သူတစ်ဦးလျှင် အနည်းဆုံး လူ ၃၀ ခန့်အား သင်ယူထားသည့် နည်းပညာများ ပြန်လည်ဝေမျှရမည်ဖြစ်သည်။

 

ကိုင်းကူး ကိုင်းဆက်နည်း ဖြင့် အသီးအရွယ်အစား ညီရန်နှင့် အရည်အသွေးညီရန် ဆောင် ရွက်နိုင်ပြီး အရွယ်အစားနှင့် အ ရည်အသွေးညီလာပါက ထော ပတ်သီးပြည်ပတင်ပို့မှု ချဲ့ထွင်နိုင်မည်ဟု ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။

 

‘‘အခြေခံတွေကို ရွာတွေအ ကုန်လုံးကို လိုက်ပေးတယ်။ သင် တန်းတက်ထားတဲ့ သူတွေထဲက စိတ်ပါဝင်စားတဲ့၊ တကယ်လည်း ထောပတ်သီးကို စီးပွားဖြစ်လုပ် နေတဲ့ သူကိုရွေးပြီးတော့ ဆင့်ပွား သင်တန်းပေးနေတာပါ။ ရွာကြီး ရင် တစ်ရွာနှစ်ယောက်နှုန်း၊ ရွာ သေးရင် နှစ်ရွာတစ်ယောက်နှုန်း နဲ့ သင်တန်းပေးနေတာပါ။ ပျမ်းမျှ အားဖြင့်တော့ တစ်ရွာတစ်ယောက်နှုန်း သင်ပေးနေတာပါ’’ ဟု ဦးခွန်ထွန်းထွန်းဝင်းက ပြောသည်။

 

သင်တန်းတွင် မျိုးရွေးချယ် နည်း၊ ကိုင်းဆက်နည်း၊ ရောဂါပိုး ကျရောက်မှုမှ ကာကွယ်နည်း၊ ဘက်စုံပိုးမွှားနှိမ်နင်းကာကွယ် နည်း၊ ရိတ်သိမ်းချိန်လွန် နည်း ပညာနှင့် စနစ်တကျ စာရင်း ကောက်နည်းများ သင်ကြားပေး မည်ဖြစ်သည်။

 

ထောပတ်သီးကိုထိုင်းနိုင်ငံ သို့ အဓိကတင်ပို့ရောင်းချပြီး ပြီး ခဲ့သည့်နှစ်က စတင်၍ အရွယ်အ စားနှင့် အရည်အသွေးညီသည့် ထောပတ်သီးများ တင်ပို့ပေးရန် ထိုင်းနိုင်ငံဝယ်လက်က တောင်းဆိုမှုများရှိကြောင်း ထောပတ်သီး စိုက်ပျိုးသူများက ပြောသည်။

 

အသီးထွက်ရှိနေပြီဖြစ်သည့် ငါးနှစ်သက်တမ်းနှင့် အထက်ရှိ သည့် ထောပတ်သီးပင် စိုက်ဧက လေးထောင်ကျော်မှ ငါးထောင် အထိရှိပြီး ငါးနှစ်အောက်ထော ပတ်သီးပင်စိုက်ဧက သုံးသောင်း ခန့်ရှိကြောင်း ထောပတ်သီးအ သင်းစာရင်းများတွင် ဖော်ပြထား သည်။

 

မြန်မာနိုင်ငံတွင် စိုက်ပျိုး ထားသည့် ထောပတ်သီးမျိုးကွဲ တစ်ထောင်ကျော်ရှိပြီး ထော ပတ်သီးများကို ရှမ်းပြည်နယ် တောင်ပိုင်းတွင် အများဆုံးစိုက် ပျိုးကာ ချင်းပြည်နယ်နှင့် စစ်ကိုင်း တိုင်း၌လည်း စိုက်ပျိုးသည်။

 

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 11:53
Rate this item
(1 Vote)